Bright စိတ်ခံစားချက်တွေ အခြေနေဆိုးလာလို့ ဆေးရုံတင်လိုက်ရတာပါ
ဆေးရုံရောက်တော့ bright ကိုဆရာဝန်ကအား ချင်း စိတ်ငြိမ်ဆေးထိုးပေးပြီး ပုလင်းကြီးချိတ်ထား ပေးခဲ့တယ်၊အန်တီ Pi လည်းသားဖြစ်သူကိုကြည့်ပြီး မျက်ရည်တွေက သူအလိုလိုကျလာပြန်တယ်၊fong နဲ့ king လည်းအန်တီ Pi ကိုနှစ်သိမ့်ပေးနေ
win တို့ကိုလိုက်ရှာနေတဲ့ သူငယ်ချင်းတွေနဲ့ ဦးလေး Zin ကလည်း bright ဆေးရုံတက်လိုက်ရတယ် ဆိုလို့အားချင်းပဲရောက်လာကြ၊ဒီရောက်တော့ bright အိပ်နေတာကိုမြင်ပြီး အန်တီ Pi ကတော့ငိုနေတုန်းပါပဲ၊ဦး Zin တို့လည်း အန်တီ Pi ကိုဘယ်လိုနှစ်သိမ့်ပေးရမလည်းမသိဖြစ်နေကြတယ်
အန်တီ Pi ကဦး Zin ကိုတွေ့တော့ win အကြောင်းမေးကြည့်နေ
"အကို Zin သားလေး win ကိုပြန်တွေ့ပြီလား"
"မတွေ့ပါဘူး Pi ရယ်၊သားသွားတက်တဲ့နေရာတွေကို ရှာတာလည်းစုံနေပြီ"
"အဲ့တာဆိုကျွန်မသားလေး နိုးလာရင်ဘယ်လိုလုပ်ကြမလဲ၊သားလေးကိုဘယ်လို့ ဝိုင်းပြောကြမလည်း"
"အခုတော့ဘယ်လိုမှာ စဥ်းစားလို့မရသေးဘူး Pi ၊သားနိုးလာမှာကြည့်ပြီး စီစဥ်ကြတာပေါ့"
"သားလေးအခုလို့ဖြစ်ရတာ ကျွန်မကြောင့်ပါ၊ကျွန်မသားကိုပညာတော်သင် သွားခိုင်းလို့အခုလိုဖြစ်ရတာ"
"အဲ့လိုလည်းမဟုတ်ပါဘူး၊အရမ်းကြီးလည်းစိတ်ထဲမထားပါနဲ့ Piရယ်"
"သားလေးငယ်ငယ်တုန်းက သူအဖေကားတိုက်တာကို ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ တွေ့မြင်ခဲ့ရတာ၊ အဲ့တုန်းကလနဲ့ချီပြီး စကားမပြောဘူး၊တစ်ယောက်ထဲအခန်းထဲမှာပဲနေနေတယ်၊အဲ့တာကြောင့်သားကို သူအဘွားရှိတဲ့ဆီ ပို့ထားခဲ့ရတာ၊နောက်ကျွန်မ
ကြောင့်သား win နဲ့လမ်းခွဲတုန်းကလည်း သား သုံလေးပတ်လောက် ကျွန်မကိုစကားမပြောဘူး ပြီးတော့ထမင်းလည်းသိပ်မစားဘူး ညကြရင်တစ်ယောက်ထဲဝရန်းတာရှေ့မှာ စကားပြောနေတယ်၊အခုတစ်ခါသား win ကြောင့်ထပ်ပြီးစိတ်ထိခိုက်ရရင် ကျွန်မသားလေးရူးသွားလိမ့်မယ် အကို Zin ရယ်၊သား win ကိုတွေ့အောင်ရှာပေးပါနော် သားတို့ကိုလည်း အကူညီတောင်းပါတယ်"