(Part - 2)အပိုင်း - ၁၅

72 2 0
                                    

မနက်ရောက်တော့ bright တို့ရေမိုးချိုးပြီးအမေတို့အ တွက်မနက်စာပြင်နေ၊အမေလည်းနိုးလာပြီးမိသားစုတွေမနက်စာအတူစားကြ၊မနက်
စာစားပြီး bright ကအမေနဲ့အတူစျေးလိုက်၀ယ်၊win ကအိမ်မှာ riki နဲ့ကျန်ခဲ့

"အကို win ကရေကူးတာကျွမ်းကျင်တယ်ဆိုဟုတ်လား"

"အင်းဟုတ်တယ်၊ညီမလေးကို bright ပြောထားလို့လား"

"အင်း၊ညီမလေးကိုရေကူးသင်ပေးပါလား"

"ညီမလေးကရေကူးချန်ပီယံဖြစ်ချင်လို့လား"

"အဲ့လောက်တော့မဟုတ်ပါဘူး၊ရေကူးတက်ယုံဆိုရပါပြီ"

"အင်းပါ၊ကျောင်းဖွင့်ရင်အကိုကြီးဆီလာခဲ့သင်ပေးမယ်"

"ဟုတ်ကိုကြီး၊ဒါနဲ့လေအကို Win ကညီမလေးအကိုကိုတကယ်ချစ်တာလားရင့်"

"တကယ်ချစ်တာပါ၊ညီမလေးကမယုံဘူးလား"

"မယုံလို့တော့မဟုတ်ပါဘူး၊အကိုကြီးကိုထပ်ပြီးမခံစားစေချင်လို့ပါ၊အကိုကြီးကအစွဲလန်းကြီးတယ်၊အဖေကြီးဆုံးပြီးထဲကလူတွေနဲ့သိပ်ပြီး
အရောတ၀င်မနေတော့ဘူး၊တစ်ယောက်ထဲပဲနေတာ များတယ်၊အကိုကြီးအထီးကျန်နေတယ်ထင်ပြီးအမေကနောက်ဆုံးအဖွားဆီပို့ ထားလိုက်တာလေ"

"ဟုတ်လား၊ညီမလေးကိုကိုကြီးကတိပေးတယ်၊မိန်းမိန်းကိုဒီနေ့ကစပြီးပျော်အောင်ထားမယ်ပြီးတော့ဘယ်တော့မှာအထီးမကျန်စေရဘူးလို့ကိုကြီးကတိပေးတယ်"

"အကို win ကညီမအကိုကိုမိန်းမိန်းတဲ့လား၊အဲ့တာဆိုအကို win က seme ကြီးပေါ့"

Win က riki ဘာပြောရမလည်းမသိဖြစ်ပြီးပြုံးပြနေ

"ဟုတ်မှာပါ..အကိုကတစ်ခါမှရည်စားထားဖူးတာမ ဟုတ်ဘူးလေ၊အကို win ကတိပေးပြီးပြီနော်နောက်မှအကိုကြီးငိုတာတွေ့လို့ကတော့ညီမနဲ့တွေ့ပြီတာမှတ်"

"ဟုတ်ကဲ့...ကြောက်ပါတယ်ဗျာ"

Bright ကအမေနဲ့စျေး၀ယ်နေ

"သား...win ကဘာဟင်းတွေကြိုက်တာလဲသိလား"

"သူကပုဇွန်အစမ်းနဲ့တော့မတည့်ဘူးအမေ၊ကျန်တာအကုန်စားတယ်"

"အဲ့တာဆိုသားကြိုက်တဲ့ဆူရှီနဲ့လည်းမတည့်ဘူးလား"

"သူကငါးအစိမ်းတော့စားလို့စားလို့ရတယ်၊ပုဇွန်အစိမ်းတော့စားလို့မရဘူး"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now