အပိုင်း - ၃၂

133 8 0
                                    

Win တို့ကနောက်ကျနေပြီအဆောင်ပိတ်မှာဆိုးလို့ဆိုင်ကယ်နဲ့အမြန်ပြန်၊men နဲ့ new က လည်းဆိုင်ကယ်နဲ့ပြန်၊အပြန်မှာသွားတွေ့အမှန်တော့အဆောင် ကတူတူပဲမခင်တော့မသိကြဘူးလေ၊men ကဆိုင်ကယ်ကိုဘေးချင်းယှဥ်မောင်းပြီး fong ကို

"ဟေ့ယောင်....ဆိုင်ကယ်ပြိုင်မောင်းမလား"

"လုပ်လိုက်လေကြာသလားလို့"

Phuak က

"မလုပ်နဲ့အေးဆေးသွားကြပါ"

"ဘာလည်းသူအရင်ငါကိုလာပြောတာလေ"

"မင်းကဘာမှမဖြစ်ဘူးငါကအနောက်မှာ win ပါတယ်"

Win က

"ဘာမှမဖြစ်ဘူးမင်းတို့ပြိုင်ချင်ရင်ပြိုင်ငါလည်းဒီကောင်ကို ကြည့်မရဘူး"

"အေးလေကွာ phuak ကလည်းသူနောက်မှာလည်း new ပါတာပဲကို"

"အေးကွာလုပ်၊ငါတော့မပါ ဘူး"

"ပြီးရော့"

"မင်းနဲ့ငါနဲ့ပဲပြိုင်မယ်ဘယ်လို့လည်း"

Men က

"ဘာလည်းဟိုတစ်ယောက်ငါကိုကြောက်နေတာလား"

"မင်းတို့ပဲပြိုင်ကြငါဘာသာအေးဆေးမောင်းမယ်"

"အဲ့တာဆိုလည်းကောင်းပြီ new တိုင်ပင်ခေါ်"

" 1,2,3 "

Men နဲ့ fong က new တိုင်ပင်ခေါ်ပြီးတာနဲ့လီဗာကိုအ ကုန်နင်းပြီးမောင်းထွက်သွား၊Win က

"မင်းပါပြိုင်ရင်ကြည့်ကောင်း မှာ"

"မင်းဘာမှာမသိပါဘူးကွာ men ကဆိုင်ကယ်မောင်းတဲ့နေရာမှာဆရာကြီးကွ"

"ဟုတ်လို့လား"

"ကြည့်နေအဲ့ကောင် fong ရှုံးလိမ့်မယ်"

အဆောင်လည်းပြန်ရောက်ရော့ထင်တဲ့အတိုင်းပဲ fong ရှုံးသွားတယ်၊men ကနိုင်သွားတော့ပိုက်ဆံတောင်းနေတာ၊ Fong မှာကလည်းသိပ်မရှိလို့ Win တို့အလာကိုစောင့်နေ၊Win တို့လည်းရောက်လာရော့

"သားရီးငါရှုံးသွားပြီ"

"ကောင်းတယ်ငါပြောသားပဲမပြိုင်ပါနဲ့လို့"

"အခုဘာလုပ်နေတာလည်းအထဲ၀င်မယ်လေ"

"သူငါကိုပိုက်ဆံတောင်းနေတာမပြည့်လို့မင်းတို့မှာရှိရင်ပေးပါလား"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now