(Part - 2)အပိုင်း - ၅၄

34 3 0
                                    

King တစ်ယောက် air ကိုကားပါကင်ဆီခေါ်လာ

"သွားမယ်လေ air"

"နင်ကားနဲ့သွားမှာ မဟုတ်ဘူးလား"

"ငါကားကပျက်နေတာ"

"မနေ့ကငါအိမ်လိုက်ပို့တာ နင်ကားနဲ့မဟုတ်ဘူးလား"

"မဟုတ်ဘူး၊အဲ့တာ tay ရဲ့ကား ခဏလေးငါ tay ကားသော့သွားယူလိုက်အုန်းမယ်"

"အင်း..."

King က tay ဆီပြန်လာပြီးကားသော့တောင်းနေ

"Tay မင်းကားလေးခဏငှားပါအုန်း"

"ဘာဖြစ်ပြန်ပြီလည်း၊မင်းကားကမကောင်းသေးဘူးလား"

"မကောင်းသေးဘူး၊အခုအမေက air ကိုတွေ့ချင်တယ်ဆိုလို့ခေါ်သွာရမှာ"

"အဲ့တာများ taxi နဲ့ခေါ်သွားလိုက်လေ"

"အမလေး...ငါ air ကို taxi ခေါ်လာတာအမေသိရင်ငါကိုသတ်လိမ့်မယ်"

"အဲ့တာဆိုဒီနေ့လည်း taxi နဲ့ပြန်ရမှာပေါ့"

"သူငယ်ချင်းရာ ကူညီပါကွာနော်"

"အေးပါ..ယူသွား"

"ကျေးဇူးပါကွာ"

"ညကျရင်တော့လာပို့ပေးနော်၊မနေ့ညကမင်းကားလာမပို့ပေးလို့ ဒီနေ့ရုံကို taxi နဲ့လာရတယ်"

"အေးပါကွာ လာပို့ပေးပါမယ်"

"အင်း.."

King က tay ကားကိုယူပြီး air ကိုအမေနဲ့တွေ့ပေးဖို့ အိမ်ခေါ်လာ၊tay ကအိမ်ကိုမပြန်သေးပဲ new တို့ဆီသွားပြီးဘက်စကတ်ဘော အတူကစားနေကြတယ်၊king အိမ်ရောက်တော့ king အမေက......

"သမီးရောက်လာပြီးလား၊လာအိမ်ထဲဝင်"

"ဟုတ်အန်တီ"

"သားတို့ကလည်းကြာလိုက်တာ၊အမေကမျှော်နေတာ"

"ဟုတ်တယ်အန်တီ၊အန်တီဆီလက်ဗလာနဲ့မလာချင်လို့ လမ်းမှာအသီးတွေဝယ်ရင်း နည်းနည်းကြာသွားတာ"

"ကျေးဇူးပါသမီးရယ်၊သားကလည်းမတွေ့တာကြာလို့လာမသိဘူး ဝလာလိုက်တာ"

"King ကအန်တီတို့နဲ့အတူတူမနေဘူးလား"

"မနေဘူးသမီး၊သားကအလုပ်များလို့ဆိုပြီးသူတိုက် ခန်းမှာပဲနေနေတယ်၊သားမရှိတော့အိမ်မှာတစ်ယောက်ထဲပျင်းနေတာ"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now