Bright အမေကသားအတွက်စိတ်ပူပြီးအခန်းအပြင် ကနေကြည့်နေ၊bright ငိုနေတာကြည့်ပြီးစိတ်မကောင်းဖြစ်သွားတယ်၊bright ကအမေကို လည်းတွေ့ရောမျက်ရည်တွေသုတ်ပြီး
"အမေ...."
Bright အမေကကုတင်ပေါ်မှာထိုင်လိုက်ပြီး
"သားအရမ်းခံစားနေရလား"
"ဟုတ်.."
"ငါသားကိုသူဘာလို့လမ်းခွဲသွားတာလည်း၊အမေကြောင့်လား"
"အဲ့လို့မဟုတ်ပါဘူးအမေရယ်"
Bright ကအမေရှေ့မှာ မျက်ရည်တွေထိန်းထားပင်မဲ့မျက်ရည်တွေကသူအလိုလိုထွက်လာ
"သားသူကိုတကယ်ချစ်လား"
"ဟုတ်အမေ"
အမေကသားခံစားနေရ တာမကြည့်ရက်တော့ဘူး၊အဲ့တာကြောင့်
"သားအမေကြောင့်ခံစားနေရတာဆိုရင်အမေ....အမေလေ..သားတို့ကိုခွင့်ပြု ပါတယ်"
Bright ကငိုရင်းပြုံးလာပြီး
"အမေတကယ်ပြောတာလားရင့်"
အမေကခေါင်းငြိမ့်ပြရင်း
"တကယ်ပေါ့..သားရဲ့"
Bright ကအမေကိုဖက်ပြီး
"ကျေးဇူးတင်ပါတယ်အမေရယ်၊အမေကသားအပေါ်မှာအကောင်းဆုံးပဲ"
အမေက bright ကျောလေးကိုပွတ်ပေးပြီး
"ငါသားစိတ်ချမ်းသာမယ်ဆိုရင်လေအမေဂုဏ်သိက္ခာတွေနဲ့လဲရရင်လည်းအမေကျေနပ်ပါတယ်သားရယ်၊မငိုနဲ့တော့နော်"
"ဟုတ်အမေ သားတောင်းပန်ပါတယ်၊သားအ တွက်အမေဂုဏ်သိက္ခာတွေနဲ့တော့မလဲလိုက်ပါနဲ့"
"သားပျော်ရင်အမေပျော်တယ်၊ဂုဏ်သိက္ခာကဘာအရေးကြီးလို့လည်းသားကိုအခုထက်ပိုပြီး၀မ်းမနည်းစေချင်တော့ဘူး"
"ဟုတ်..သားအမေရှေ့မှာ ထပ်ပြီးမငိုတော့ဘူး၊ကတိပေးပါတယ်"
"အင်း...သားရေချိုးအမေညစာစားဖို့ပြင်ထားလိုက်မယ်"
"ဟုတ်အမေ"
Bright ရေချိုးအ၀တ်အ စားလဲပြီးအမေတို့နဲ့ထမင်းစား၊ညီမလေးကအကိုဘာဖြစ်ခဲ့တာလည်း ဆိုတာသိ ချင်ပင်မဲ့မမေးဘူး၊သားအမိတွေပျော်ပျော်ပါးပါးထမင်းစားကြ