Win ရေချိုးပြီးနေလယ်စာစားကြ၊ဟိုတယ်ခရှင်းပြီးအဆောင်ကိုပြန်ဖို့လုပ်တော့ fong ဆီကို bright ဖုန်း ၀င်လာ
"အေး...သူငယ်ချင်းပြော"
"ငါမင်းကိုအရေးတကြီးပြောစရာရှိလို့အခုလာပေးလို့ရမလား"
"အေး...ငါလည်းမင်းနဲ့တွေ့ချင်နေတာနဲ့အတော်ပဲ၊ငါအခုလာခဲ့မယ်"
Fong ကဖုန်းချပြီး taxi ငှါးပြီးရောက်လာ၊bright ကကော်ဖီဆိုင်မှာစောင့်နေ
"Fong ငါဒီမှာသူငယ်ချင်း"
"အေး"
"မင်းဘာစားမလည်း"
"မစားတော့ဘူး၊အအေးပဲသောက်တော့မယ်"
Fong ကအအေးတစ်ခွက်မှာလိုက်
"Win ဒဏ်ရာသက်သာရဲ့လား"
"ငါတို့ဆေးတောင်မလိမ်းရသေးဘူး၊နေလယ်စာစားပြီးမင်းဆီကိုလာတာ"
"ဟုတ်လားအတော်ပဲ၊ငါလိမ်းဆေးတွေရောသောက်ဆေးတွေရော၀ယ်လာတယ်"
"ငါတို့အတွက်ရောပါလား"
"ပါတယ်၊ငါအများကြီး၀ယ်ခဲ့တယ်"
Fong မှာထားတဲ့အအေးလာချ
"အေးပါကျေးဇူးပဲ၊ဒါနဲ့မင်းနဲ့ kane ကဘာတွေလည်း"
"ဘာလို့လည်း win ငါကိုအထင်လွဲနေလို့လား"
"အထင်မလွဲပါဘူး၊ဒါပင်မဲ့ပတ်၀န်းကျင့်ကပြောပါများလာရင်တော့ win လည်း စိတ်ယိုင်ပြီးအထင်လွဲနိုင်တယ်"
"ဟုတ်ပါတယ်လေ၊ငါမင်းကိုအမှန်တိုင်းပြောပြပါမယ်"
Bright ကအကြောင်းစုံကိုFong ကိုရှင်းပြ
"အော်အဲ့လို့လားအင်း...ငါသဘောပေါက်ပြီ"
"Win ကိုဒီအကြောင်းတွေပြန်တော့မပြောပါနဲ့"
"ဘာလို့လည်း၊အဲ့လိုပြော ထားမှာ win စိတ်သက်သာရမှာပေါ့"
"အဲ့လို့ဆိုငါပေးတဲ့လက်ဆောင်ကိုဘယ်အံ့သြတော့မလည်း"
"အဲ့မလေး...အရေးထဲရိုနေသေးတယ်၊win ကအံ့မသြပဲစိတ်ဆိုးနေမှာဖြစ်ခက်နေလိမ့်မယ်"
"သေချာတယ်၊သူအံ့သြစေရမယ်လို့ငါယုံကြည်တယ်၊မင်းသာပြန်မပြောရင်ပေါ့"