"သူငယ်ချင်းမင်းလာပြီလား၊လာထိုင်"
သူငယ်ချင်းတွေနဲ့တွေ့တုန်းစားကြစကားပြောကြ၊ငယ်ကျိုးငယ်နာတွေဖော်ကြနဲ့ပျော်နေတာ၊win အဖေနဲ့ brightအမေကသာမပျော်ပဲအရက်သောက်နေ၊bright အမေကမူးလာတော့စကားစပြော
"အရင်နှစ်တွေတုန်းကမလာပဲ၊ဒီနှစ်မှာဘာလို့လာတာလည်း"
"မတွေ့ရတာကြာပြီ၊သူတို့တွေကငါကိုမလာရင်သေခန်းဖြတ်မယ်ဆိုလို့လာတာ၊တိုက်တိုက်ဆိုင်ဆိုင်မင်းနဲ့မှာလာတွေ့ရတယ်လို့"
"မတွေ့ချင်ပါဘူးဆိုမှာ"
"ဘာလို့လည်း"
"ဘာလို့လည်းဟုတ်လားရှင်အပြစ်ရှင်မသိဘူးလား"
"သူခိုးကလူပြန်ဟစ်နေသေးတယ်"
"ဘာပြောတယ်ရှင်အဲ့နေ့ကမလာဘူးလေ၊ကျွန်မတစ် ယောက်ထဲကော်ဖီဆိုင်မှာဘယ်လောက်တောင်စောင့်ခဲ့ရလည်းသိလား"
"မင်းကပဲပြောရတယ်ရှိသေး၊ငါအဲ့နေ့လေးမလာနိုင်တာနဲ့ပဲနောက်တစ်ပတ်ကြတော့ချက်ချင်းကြီးမင်္ဂလာဆောင်ပစ်တာကြတော့ရော့၊ရက်စက်လွန်းတယ်"
"ကျွန်မမဟုတ်ဘူးရှင်သာရက်စက်တာလူယုတ် မာရဲ့"
Bright အမေကပြောပြီးထွက်သွား၊win အဖေကဘာပြောမှန်းမသိလို့အနောက်ကလိုက်လာဆိုင်အပြင်ရောက်တော့ win အဖေက bright အမေလက်ကိုဆွဲ လိုက်၊ဖြစ်ချင်တော့ win နဲ့ fong ကအဖေကိုလာကြိုတာ၊win တို့ဆိုင်ကယ်ရပ်ပြီးကြည့်နေ၊win က
"အဲ့တာငါအဖေပဲ"
"ဟိုဟာက bright အမေမဟုတ်လား"
"အေးကွသူတို့တွေဘာပြောနေကြတာလဲမသိဘူး"
"မင်းအဖေနဲ့သူအမေကသာမန်ရင်နှီးတဲ့သူတွေတော့မဟုတ်ဘူးထင်တယ်"
"ဟုတ်လို့လား"
"မယုံရင်ကြည့်ပါလား"
Win အဖေက
"မင်းခုနကငါကိုဘာပြောလိုက်တာလဲ"
"ရှင်သာစားပြီးတာဝန်မယူချင်တဲ့လူကြီး"
"ဘာတွေပြောနေတာလည်းငါရှင်းအောင်ပြော"
"ရှင်ကကျွန်မကိုဘာလို့လက်ထပ်တာလဲလို့မေးတယ်နော်၊သေချာနားထောင်အဲ့တုန်းကကျွန်မမှာရှင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေလို့ပဲ"