ဆယ်နာရီထိုးတော့ထုံးစံအတိုင်း kane က bright ကိုအိမ်ပြန်ပို့၊win က bright ပြန်လာတာကို၀ရန်းတာကနေကြည့်နေ၊bright လည်း kane ကိုနှုတ်ဆက်ပြီးတိုက်ခန်းဆီတက်လာ၊win ကတံခါးသွားဖွင့်ပေး၊Bright ကတံခါးဖွင့်ဖို့လုပ်
"မိန်းမိန်းပြန်လာပြီလား"
"အင်းအချစ်"
Bright အိမ်ထဲ၀င်လာ၊win ကဂီတာအိတ်ကူသယ်ပေး
"မိန်းအရမ်းပင်ပန်းနေပြီ အိပ်တော့မယ်"
"ထမင်းမစားတော့ဘူးလား"
"ဟင့်အင်းအိပ်ချင်နေပြီ"
Bright ကအိပ်ခန်းထဲ၀င်ပြီးအင်္ကျီမချွတ်တော့ပဲအ ခန်းထဲ၀င်အိပ်၊win အခန်းထဲ၀င်လာတော့ bright ကအိပ်ပျော်နေ၊win က bright အင်္ကျီကိုချွတ်ပေး
*ဘာတွေများလုပ်ခဲ့လိုအရမ်းတွေပင်ပန်းနေတာလဲမိန်းမိန်းရယ်၊ထမင်းတောင်လက်စုံမစားနိုင်တော့ဘူးပဲ*
Win လည်းထမင်းမစားတော့ပဲ bright ဘေးမှာ၀င်အိပ်
မနက်ရောက်
Win က bright ကိုမနိုးပဲကျောင်းကိုအစောကြီးထွက်လာ၊bright အတွက်မနက်စာတော့လုပ်ပေးထားခဲ့ တယ်၊bright လည်းနိုးလာပြီးရေမိုးချိုး win ပြင်ပေးထားတဲ့မနက်စာစားပြီးကျောင်းကိုလာ
ကျောင်းရောက်တော့စာသင်ပြီးနေလယ်ကြထမင်းစားကြ၊bright ကန်တင်းမှာ win ကိုရှာပင်မဲ့မတွေ့ဘူးဖြစ်နေ၊bright က fong တို့ဆီလာပြီး
"Fong ... win ရောမပါဘူးလား"
"အေး..မပါဘူးသူငယ်ချင်း"
"ဘယ်သွားနေလို့လည်း"
"မသိပါဘူးကွာ၊ငါတို့ကို လည်းပြောမသွားဘူး"
"ဟုတ်လား၊အင်းပါ"
Bright စားသောက်ပြီး ကြက်ပင်စိမ်းတစ်ပွဲပါဆယ်ထုပ်ပြီးထွက်လာ၊ရေကူးကလပ်ဆီသွားပြီး win ကိုရှာနေ၊rose က bright ကိုတွေ့တော့ရောက်လာပြီး
"အကို bright မဟုတ်လား"
"ဟုတ်ပါတယ်"
"ညီမက အမ kiss ရဲ့ညီမလေး rose လေ"
"အော်ဟုတ်၊ဒါနဲ့ win မရှိဘူးလား"
"အကို win လား၊မတွေ့မိ ဘူးရှင့်"