*ငါ win ကိုချစ်နေတာလား၊
ဒါမှမဟုတ်သူငယ်ချင်းကိုဆုံးရှုံးရမယ်လိုထင်နေတာလားငါဘာတွေဖြစ်နေတာလည်း၊
ငါဘာလိုမျက်ရည်ကျနေတာလည်း၊
ငါ win ကိုတကယ်ပဲချစ်မိနေတာလား၊
သူကယောကျာ်းလေးလေကွာ**အမှန်ဆိုငါမိန်းကလေးတွေပဲစိတ်၀င်စားရမှာလေ၊win နဲ့အနေနီးလို့သံယောဇဉ်တွယ်သွားတာလား၊ငါမိန်းကလေးတွေနဲ့အဆင်မပြေတာမှာမဟုတ်တာ၊ငါမတွဲကြည့်ပဲဘယ်လို့လုပ်သိမလည်း၊ဟုတ်ပြီအခုချိန်ကစပြီးမိန်းကလေးတွေကိုချဉ်းကပ်ရမယ်ငါနဲ့အဆင်ပြေမယ်တစ်ယောက်တော့တွေမှာပါ*
မနက်ရောက်
Win တို့စာသင်ပြီးနေ့လည်ထမင်းစားကြ၊win က kiss နဲ့အတူထမင်းစားနေ၊win ဘေးမှာသူ့သူငယ်ချင်းနှစ်ယောက်လည်းရှိနေ၊bright ကထမင်းစားဖို့ထိုင်ခုံရှာနေ၊win ကတွေ့လို့လှမ်းခေါ်၊bright က win ဆီသွား
"လာငါတို့ဆီမှာလာထိုင်၊ဘာလည်းမင်းအခုထိသူငယ်ချင်းမရသေးဘူးလား"
"အေးကွာ"
"ဒါငါသူငယ်ချင်း bright တဲ့"
"ဆာဝါဒီခ..ဆာဝါဒီခ"
"ဒါကတော့ငါနဲ့အတန်းတူသူငယ်ချင်း fong နဲ့ phuak "
"ဆာဝါဒီခ..."
"မင်းဘယ်ကလပ်ထဲ၀င်ထားတာလည်း"
"ဂီတအသင်းထဲမှာ"
"ဟုတ်လားအေးလေမင်းကဂီတာတီးတာတော်တာကို"
"မင်းကရေကူးကလပ်ထဲမှာမလား၊ငါဟိုနေ့ကတွေလိုက်တယ်၊မင်းကိုအားပေးနေတဲ့ကောင်မလေးတွေများအများကြီးပဲ"
"မင်းလောက်တော့မဟုတ်ပါ ဘူးကွာ၊မင်းကလပ်ထဲမှာကောင်မလေးတွေပဲမဟုတ်လား"
"မဟုတ်ပါဘူးကွာ၊ယောကျာ်းလေးတွေလည်းရှိပါတယ်"
Kiss က bright ဂီတအသင်းကဆိုတာမသိဘူး၊သိရင်သူ အကို Tay ကိုပူဆာပြီးသူဂီတအသင်းထဲ၀င်မှာ၊အခုတော့သိပြီဆိုတော့သူအကြံထုတ်နေပုံပဲ
ညနေကျ kiss ကသူအကို Tay ကိုသွားကြို ၊ဂီတအသင်းထဲလာပြီး kiss တော့ခြေရှုပ်နေပြီ
"ငါညီမကငါကိုလာကြိုလို့ပါလား"
"ကိုကြီးတို့မပြီးသေးဘူးလား"