(Part - 2) အပိုင်း - ၇

109 7 2
                                    

Win တို့စာသင်ပြီးနေလယ် fong တို့နဲ့ကန်တင်းမှာထ မင်းစားနေ၊နောက် tay နဲ့ bright တို့ရောက်လာ၊tay က

"Win တို့ရောက်နေပြီလား"

"ဟုတ်အကို tay"

King က

"အေးကွာဘာလိုလိုနဲ့သီတင်းကျွတ်ကျောင်းပိတ်ရက်တောင်ရောက်တော့မယ်"

Fong က

"ဟုတ်တယ်၊မနက်ဖြန်ဆိုကျောင်းပိတ်ပြီ"

"မင်းတို့လပြည့်နေ့ကျရင် လျှောက်လည်ကြမှာမလား"

Win က

"အေးလေလည်မှာပေါ့"

"လပြည့်နေ့ကျရင်အတူတူလျှောက်လည်ကြရအောင်အဲ့တာဆိုပိုပြီးပျော်စရာကောင်းမှာပဲ"

Bright က

"အဲ့နေ့ကျရင်ကျွန်တော်အမေနဲ့လည်ရမလားမသိဘူး"

ကြည့်ရတာ bright က win နဲ့အတူလည်ချင်တာ ဖြစ်မယ်

"ဘာမှမဖြစ်ပါဘူး၊လူများတော့ပိုပြီးပျော်စရာကောင်းသေးတယ်"

"ဟုတ်.."

Win တို့ထမင်းစားပြီးဘောလုံးလေ့ကျင့်၊new နဲ့ men ကဘက်စကက်ဘောလေ့ ကျင့်၊win တို့သူငယ်ချင်းတွေလေ့ကျင့်ပြီးအဆောင်ကိုပြန်၊ bright အိမ်ပြန်ရောက်တော့အမေချက်တဲ့ဟင်းကအ၀င်ပေါက်၀ထိမွှေးနေ

"အမေဘာချက်နေတာလဲ၊အပေါက်၀ထိတောင်မွှေးနေတာပဲ"

"သားကြိုက်တဲ့ငါးဟင်းချက်နေတာလေ၊ဆူရှီ လည်း၀ယ်ထားသေးတယ်"

"ပျော်ပြီလေ၊ဒီနေ့အမေ ချက်တဲ့ငါးဟင်းစားရတော့မယ်"

"သား..မြန်မြန်ရေသွားချိုး၊အမေထမင်းခူးထားလိုက်မယ်"

"ဟုတ်အမေ"

"သမီးထမင်းခူးတော့"

"ဟုတ်"

Riki ထမင်းခူးနေ၊bright လည်းရေမြန်မြန်ချိုး၊အ၀တ်စားလဲပြီး၊ထမင်းစားခန်းကို၀င်လာ

"သား..ရေချိုးတာမြန်လိုက်တာ"

"အမေဟင်းကိုအရမ်းစား ချင်နေပြီ"

"အင်းပါ...ဒီဟင်းကိုအပေါ့ ငန်မြည်းပေးအုန်း"

"ဟုတ်အမေ"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now