Fong အဆောင်ကိုပြန်ရောက်လာတော့၊ရေချိုးခန်းထဲ၀င်ရေပန်းဖွင့်ထိုင်ပြီးငိုနေ၊bright က win ပေးတဲ့ထီးကိုဆောင်းပြီးအိမ်ပြန်လာ၊အိမ်ပြန်ရောက်တော့အမေက
"သားမိုးမစိုလာဘူးပဲ၊အမေကသားထီးမပါသွားလို့မိုးစိုလာပြီးပဲထင်တာ"
"သားလည်းထီးမပါလို့မိုးစဲအောင်စောင့်နေတာ၊အဲ့ဒါသူငယ်ချင်းတစ်ယောက်ကသူထီးကိုလာပေးလို့ပြန်လာတာ"
"ဟုတ်လား၊အဲ့တာဆိုသားသူငယ်ချင်းကရော့"
"သူကလား၊ထီးမပါပဲပြန်သွားတယ်အမေ"
"အင်းပါ၊သားအ၀တ်စား သွားလဲလိုက်"
Bright ကရေချိုးပြီးအ၀တ်အစားလဲလာ၊အမေကသားအတွက်ကော်ဖီပူပူလေးဖျော်ပေး
"သားရေချိုးလိုက်တာလား"
"ဟုတ်အမေ"
"အအေးပတ်အုန်းမယ်၊လက်ရှည်သွား၀တ်ပြီး
ရင်ကော်ဖီလာသောက်""ဟုတ်ကဲ့"
Bright လက်ရှည်၀တ်ပြီးကော်ဖီသောက်၊ညရောက်တော့ bright တို့ထမင်း စားကြ
မနက်ရောက်
Bright တို့စာသင်၊နေလယ်ထမင်းစားကြ၊bright က win ထီးလေးယူလာ၊ကန်တင်းရောက်တော့ win ကိုမတွေ့ဘူး၊tay က
"Win ဒီနေ့ကျောင်းမလာ ဘူးလား"
Phuak က
"ဟုတ်၊win ရော fong ရောမနေ့ကမိုးမိပြီးဖျားနေတာ"
Men ကမနေ့က fong မှာထီးပါတာတွေ့တယ်
"သူထီးမဆောင်းပဲမိုးရေထဲလျှောက်သွားနေတာလား"
Bright က
"သူငါကိုမနေ့ထီးပေးလိုက်လို့ဖြစ်မယ်"
Bright တို့ထမင်းစားပြီးဘောလုံးလေ့ကျင့်၊new နဲ့ men ကဘက်စကက်ဘောလေ့ကျင့်၊win ကနေလယ်စာစားဖို့အပြင်ထွက်၊fong လည်းအခန်းအပြင်ကိုထွက်လာ
"Win ဘယ်သွားမို့လည်း"
"စားစရာသွား၀ယ်မလို့လေ၊ဘာလဲမှာမလို့လား"
"အင်းငါအတွက်ဆန်ပြုတ်တစ်ပွဲလောက်၀ယ်ခဲ့ပါ"
"အင်း၊ငါသွားလိုက်အုန်း မယ်"