(part - 2)အပိုင်း - ၅၅

45 4 3
                                    

ဒီနေ့ tay တို့အလုပ်ပိတ်ရက်မို့ အဖေလည်းအိမ်မှာပဲရှိနေတယ်၊အရင်ကပိတ်ရက်ဆို tay ကတော်တော်နဲ့နိုးတာမဟုတ်ဘူး၊ဒီနေ့ကျအစောကြီးထပြီး ရေမိုး ချိုးအလှတွေပြင်နေ၊tay မနက်စာစားပြီး အ​မေနဲ့စကားပြောကြ

"သားအပြင်သွားလိုက်အုန်းမယ်"

"ဘယ်သွားမို့လည်း"

"အမေဒီနေ့နေလယ်စာကို အထူးပြင်ဆင်ထားနော်"

"ဘာဖြစ်လို့လည်း"

"ဒီနေ့အမေတို့ အရမ်းတွေ့ချင်နေတဲ့အထူးဧည်သည့်ကိုခေါ်လာခဲ့မှာမို့လို့လေ၊သားသွားတော့မယ်"

"မနက်စာကုန်အောင် စားသွားအုန်းလေ"

"မစားတော့ဘူး ချိန်းထားတာနောက်ကျနေပြီ"

Tay ကသေသေသပ်သပ် ဝတ်စာထားပြီး new ကိုသွားခေါ်နေ၊tay အမေကသူယောက်ျားကို........

"ယောက်ျား...သားဒီနေ့သူကောင်းမလေးခေါ်လာမို့လားမသိဘူး"

"ဟာ...အဲ့လောက်မြန်ပါမလား၊သားပြောတော့အဲ့ကောင်းလေးကို ရည်စားစကားတောင် မပြောရသေးဘူးဆို"

"မသိဘူးလေ၊ရှင့်သားကဒီနေ့အထူး ဧည်သည့်ခေါ်လာမယ်လို့ပြောသွားတဲ့ဟာကို"

"ဒီကိုရောက်လာတောမှပဲ အခြေနေကြည့်ကြတာပေါ့"

တော်တော်လေးကြာတော့ tay ပြန်ရောက်တာ၊tay အမေလည်း သူသားကားသံကြားလို့ အိမ်အပြင်ကိုထွက်လာ

"ညီဆင်းလေ၊ဒါအကိုအိမ်ပဲ"

"ဟုတ်အကို tay"

Tay က new ကိုကြားတံခါးဖွင့်ပေးပြီး သူအိမ်ထဲခေါ်လာ

"သားပြန်လာပြီလား"

"ဟုတ်အမေ၊အိမ်ထဲဝင်ကြမယ်လေ"

"အင်း...."

New ကမတော်သေးတဲ့ ယောက္ခမတွေနဲ့ တွေ့ရမှာမို့ စိတ်လှုပ်ရှားနေ

"အဖေနဲ့အမေ ဒါကျွန်တော်ပြောထား တဲ့တစ်ယောက်လေ"

"အင်း..."

"အဖေနဲ့အမေက ညီကိုအရမ်းတွေ့ချင်နေတာ"

"ဆာဝါဒီခ....ကျွန်တော်နာမည် new ပါဗျာ"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now