(Part - 2)အပိုင်း - ၅၉

44 4 0
                                    

Win အတိတ်ကိုစဥ်စားရင်း မေ့လဲသွားလို့ဆေးရုံတင်ထားရတယ်၊ဒီတစ်ခါအတိတ်က အကြောင်း အရာတစ်ချို့ကိုပါ ပြန်မှတ်မိလာတာပါ၊win ဆေးရုံတင်ထားရလို့ဦး Zin ဆေးရုံကိုလိုက်လာ

"အန်ကယ်သားလေးရော"

Men က

"အခုပဲဆရာဝန်က ဆေးသွင်းပေးသွားတယ်၊အရမ်းလည်းစိတ်မပူပါနဲ့ဦးလေး"

"အခုလိုဖြစ်လာမယ်ဆိုတာ အန်ကယ်ကြိုတွေးထားပြီးသားပါ"

"ဒါပင်မဲ့ဒီတစ်ခါက အရင်တုန်းကနဲ့မတူဘူး၊win ကအရိုက်ခံနေရသလို မျိုးအော်နေတာ"

"အန်ကယ်လည်းအဲ့ကိစ္စကို စုံစမ်းနေတာကြာပြီ"

Fong  က

"Win မှာအငြိုးထားပြီးလုပ်ကြံ ရလောက်တဲ့အထိ
ရန်သူမရှိပါဘူး"

Men က

"Kane ရောမဖြစ်နိုင်ဘူးလား"

"ဘာဖြစ်လို့ kane လို့ထင်တာလဲ"

"သေချာစဥ်စားကြည့်ရင် kane ဖြစ်ဖို့များတယ်၊ဘာလို့ဆို kane က bright ကိုကြိုက်နေတာလေ၊အခုတောင် bright ကိုခြိမ်းခြောက်ပြီး လက်ထပ်ပွဲကိုအတင်းစီစဥ်နေတာ"

"သားပြောတာလည်းဖြစ်နိုင်တယ်၊အခုချိန်မှာ kane ကသံသယအရှိဆုံးလူပဲ"

"ဟုတ်တယ်ဦးလေး၊ဒီနေ့ကစပြီး kane ကိုစောင့်
ကြည့်ရမယ်"

Fong က win ဆေးရုံတက်နေရတာကို bright ကလွဲပြီးဘယ်သူ ကိုမှအသိမပေးခဲ့ဘူး၊phuak ကိုတောင်မပြောပါခဲ့ပါဘူး၊bright က win ဆေးရုံတင်ထားရတယ်ဆိုတဲ့သတင်းကြားပြီး win ကိုအရမ်းတွေ့ချင်နေတာ kane က bright ကိုမျက်စိအောက် ကအပျောက်မခံတော့ win ကိုသွားတွေ့လို့မရဘူးဖြစ်နေတယ်၊win ကိုလုပ်ကြံထားတဲ့သူတွေက kane ...Thai ကို ပြန်ရောက်လာတာ သိသွားကြပြီ......

"ဒီကောင်ကပြန်လာရဲသေးတယ်ပေါ့"

"Thai ကိုအကြောင်းမဲ့ပြန်လာ တာတော့မဟုတ်အကိုကြီး"

"ဘာကိစ္စနဲ့ပြန်လာတာတဲ့လည်း"

"ကြည့်ရတာသူ win  ကောင်လေး​နဲ့လက်ထပ်မလို ပြန်လာတာထင်တယ်၊kane က Thai ကိုပြန်လာပြီးထဲကအဲ့အိမ်ကိုပဲ အဝင်အထွက်လုပ်နေတယ်"

အမည်မသိရင်ထဲကဖြစ်ပေါ်လာတဲ့အချစ်စစ်တစ်ခုWhere stories live. Discover now