မနက်ရောက်
Win မနက်ရောက်အိပ်ရာနိုးတော့သွားတိုက်၊ရေချိုး၊မနက်စာစားပြီးကျောင်းကိုစက်ဘီးနဲ့သွား၊လမ်းမှာစက်ဘီးတစ်စီးချိန်းပြတ်နေတာတွေ့တယ်၊ဖြစ်ချင်တော့ bright စက်ဘီးဖြစ်နေ
Win - ငါဘာကူညီပေးရမလည်း၊အဆင်ပြေရဲ့လား
Bright ကတစ်ခွန်းမှမပြောပဲစက်ဘီးကြီးတွန်းသွား
Win - ဘာလည်းကွာ၊ကူညီမလိုကို...မလိုရင်လည်းပြီးရော
Win ကစက်ဘီးစီးပြီးထွက်လာ၊ကျောင်းရောက်တော့ win ကထိုင်နေပြီ၊bright လည်းအခန်းထဲဝင်လာရော
Win - သူကလမ်းမှတွေ့တဲ့တစ်ယောက်လား၊သူကဒီအခန်းထဲကလား၊ဒါဆိုငါဘေးနားကတစ်ယောက်ပေါ့
Bright က win အနားလာပြီး
Bright - မင်းထိုင်နေတာငါနေရာပြောင်းပေး
Win - တောင်းပန်ပါတယ်၊ငါမသိလို့...ထိုင်ပါ
Win နေရာပြောင်းပေးလိုက်တယ်၊ bright ကပြတင်းပေါက်နားမှာထိုင်တာကြိုက်တယ်လေ
Win - မင်းမနေ့ကဘာလို့ကျောင်းမလာတာလည်း၊လွတ်သွားတဲ့စာတွေပြန်ကူးမလား
Bright ကတစ်ခွန်းမှာမပြောပဲနားကြပ်ကြီးတပ်ပြီးသီချင်းနားထောင်နေ
Win - ဘာကောင်လည်းကွာ၊ဟိုကောင်တွေပြောနေတာအမှန်ပဲလားမသိဘူး၊ဘဝင်မြင့်နေတယ် (ကျွန်တော်မပြောဘူး win ပြောတာ)ဒါပင်မဲ့သူနဲ့သူငယ်ချင်းဖြစ်အောင်ပေါင်းထားရမယ်
စာသင်ပြီနေ့လည်ကျကန်တင်းမှာထမင်းစားကြတယ်၊win က bright တစ်ယောက်ထဲထိုင်နေတာတွေ့တော့သူနားသွားထိုင်ပြီးစကားစပြောဖို့ပြင်နေ
Win - မင်းဘာလို့တစ်ယောက်ထဲထိုင်နေတာလည်း၊သူငယ်ချင်းမရှိဘူးလား
Bright - မင်းဘာလုပ်မလို့လည်း၊စပ်စုတယ်
Bright ကထမင်းမစားတော့ပဲထသွား
Win - ဒီကောင်ပေါင်းရသင်းရခက်မယ်နဲ့တူတယ်
ညနေကျ win ကအတန်းထဲကလူတွေနဲ့ဘောလုံးကန်မလို့လုပ်နေတာတစ်ယောက်လိုနေတယ်၊အဲ့အချိန် bright ကဘောလုံးကွင်းကဖြတ်လျှောက်
သူငယ်ချင်း - ငါတို့ဘောလုံးကန်မလို့မင်းပါအုန်းမလား၊လာပါတစ်ယောက်လို့နေလို့
Bright - အေး
ဘောလုံးကန်တော့ win တို့ရှုံး (2၊1)နဲ့၊win က bright ကိုအပြစ်တင်နေ
Bright - ငါနဲ့ဘာဆိုင်လို့လည်း၊မင်းဘာသာညံ့တာကိုငါလာပြီးအပြစ်တင်နေတယ်၊ငါသွားတော့မယ် စက်ဘီးချိန်းပြင်ရအုန်းမယ်
Win ကပွစိပွစိပြောပြီးကျန်ခဲ့၊win ကမကျေနပ်ပဲတစ်ခြားသူတွေကိုပါလိုက်မေးနေတယ်
Win - ငါညံ့တာလားသူညံ့တာလား
သူငယ်ချင်း - ငါတို့အထင်မင်းညံတာထင်တယ်
Win - ဘာလို့လည်း
သူငယ်ချင်း - ဘာလို့ဆို bright ကငါတို့ကျောင်းရဲ့လက်ရွေးစင်လေပြီးတော့တိုက်စစ်မှူးလည်းဟုတ်တယ်....
Win - အဲ့ဒါဘာဖြစ်...ငါလည်းဟိုဘက်ကျောင်းမှာလက်ရွေးစင်ပါပဲကွာ၊ငါအထင်သူညံတာ(ကပ်ကြွားနေသေး😄)
သူငယ်ချင်း - အေးဟုတ်မှာပါကွာ
Win အိမ်ပြန်လာတဲ့လမ်းမှာ bright နဲ့တွေ့
Win - မင်းကဒီလမ်းမှာနေတာလား
Bright - ဘာလုပ်မို့လည်း
Win - မင်းအိမ်သိတော့ငါတို့ကျောင်းသွားကျောင်းပြန်အတူတူပြန်လို့ရတာပေါ့
Bright - မလိုဘူး
Win ကိုပြောပြီးအမြန်နင်းသွား
Win - ဘယ်လို့ကောင်လည်းကွာ
အိမ်ပြန်ရောက်ရေချိုး၊အဖေနဲ့ထမင်းစား၊အိမ်စာလုပ်ပြီးတော့ win က bright (IG) အကောင့်ကိုဝင်ကြည့်၊အဲ့တော့မှသိတာ btight ကစော်ကြည်ဘဲ၊king သူကိုမိန်းကလေးတွေသဲသဲလှုပ်ကြိုက်တာကိုရောသိသွားတယ်
Win - အဲ့ဒါကြောင့်သူကချေတာကိုအေးလေငါဆိုလည်းသူလိုပဲနေမှာ၊သူကိုမိန်းကလေးတွေဘာကြည့်ကြိုက်တာလည်းမသိဘူး၊မျက်နှာကြောကတင်းနေတာပဲ(တကယ်ပါကျွန်တော်မပြောဘူး winပြောတာ)ငါလောက်လည်းမချောပဲနဲ့တော်ပြီငါဘာသာအိပ်တာပဲကောင်းတယ်
#မူရင်းရေးသားသူ - khin gyi
#စာရေးဆရာ - အလတ်ကောင်