Uni ver
" ငါ့ကို ဟိုကောင်လေးအကြောင်းတစ်ခုမကျန်စုံစမ်းပေး''
" ဟုတ်..... boss''
" သွားလို့ရပြီ''
" ဟုတ်.....boss''
အတွင်းရေးမှုးထွက်သွားပြီနောက်
လင်းမြတ်သူရိန်
စိတ်ပျက်စွာဖြင့် နက်စ်တိုင်ကို
ဖြေလျော့ကာ သက်ပြင်းချလေသည်။မြန်မာပြည်ကို ပြန်ရောက်သည်မှာ
၅ရက်ပေ မပြည့်သေး စိတ်ညစ်စရာ
တွေပေါ်လာပြန်ပြီးတဲ့လား။သူရိန် သူ၏အခန်းပြတင်းပေါက်မှတဆင့်
ကောင်းကင်မှာ ရွေ့လျားသွားလာနေသော
တိမ်ဖြူဖြူလေးများကို ငြိမ်သက်စွာ
ငေးကြည့်နေမိ၏။နိုင်ငံခြားမှာဆို ကြည်ပြာရောင် ကောင်းကင်ကြီးက သူ့ကို အေးချမ်းမှုပေး၏။
မြန်မာပြည်က ကောင်းကင်ကြီးဟာဆိုရင်တော့ ငေးကြည့်လိုက်ရုံနှင့် သူ့အား နွေးထွေးမှုအပြည့်ပေးသည်ကို သူမိမိရရခံစားရ၏။
ဒေါက်....ဒေါက်.....ဒေါက်
သူရိန် ကောင်းကင်ကြီး၏အနွေးဓာတ်ကို
ငြိမ်သက်စွာ ခံယူနေစဥ် တံခါးခေါက်သံကြောင့် သူ သက်ပြင်းချမိ၏။" ဝင်ခဲ့''
သူ၏စကားဆုံးသည်နှင့် တံခါးဟာ ပွင့်လာခဲ့ပြီး အထဲဝင်လာသောအိမ်စေကောင်မလေးသည် သူ့အား မရဲတရဲကြည့်ပြီး ခေါင်းငုံ့ကာ
ဦးညွှတ်နေသေးသည်။" ဘာလဲ''
" ဟို boss သခင်မကြီးတအားသောင်းကျန်းနေလို့ပါ''
" အင်..သိပြီ''
အိမ်စေကောင်မလေးထွက်သွားသည်နှင့်
သူစိတ်ပျက်စွာ ကျစ် တစ်ချက်သပ်ပြီး
နက်တိုင်ကို သေသေသပ်သပ်ပြန်ဝတ်ပြီး အခန်း အပြင်ထွက်ကာအမေ့အခန်းထဲ သူ ဦးတည်လိုက်သည်။အခန်းထဲမရောက်သေး။ ဆူညံသံများ
ကြောင့် သူသက်ပြင်းချမိရပြန်ပြီး လေးလံနေသော စိတ်ဖြင့် တံခါးကို သူဖွင့်လိုက်သည်။သူရိန် မြင်လိုက်ရသည်က အိမ်စေကောင်မလေးကို အတင်းတွန်းထုတ်နေသော အမေဖြစ်သူ။
YOU ARE READING
💖ကိုကိုရဲ့အချစ်ခံလူသား 💖(Complete)
Romantikအချစ်အတွက်ပေးဆပ်ခြင်းဆိုတဲ့စကားစုကသိပ်ကိုလှတာ နောင်တဆိုတဲ့အကျဥ်းတန်တဲ့စကားစုနဲ့ ဘယ်သောအခါမှ နှိုင်းမယှဥ်ရဘူး '' လင်းမြတ်သူရိန် ပထမဆုံးစရေးတာမို့ သည်းခံပြီးဖတ်ပေးပါ🙆🙆🙆 ---------------------------------------------------------------- အခ်စ္အတြက္ေပးဆ...