(Unicode) နှင်းပွင့်ဖြူလေးများ အစွမ်းကုန်ကျဆင်းတတ်သော အအေးပိုင်းဒီဇင်ဘာလရဲ့ပွဲတော်တစ်ခုဖြစ်တဲ့ခရစ်စမတ်နေ့လေးတစ်နေ့၌ အိမ်တိုင်းလိုလို ရောင်စုံမီးလုံးများ အလှဆင်ချိတ်ဆွဲရင်း ဆန်တာဖိုးဖိုးကြီးအား လှိုက်လှဲစွာ ကြိုဆိုနေခဲ့ကြသည်။ အစွမ်းကုန်ကျဆင်းထားကြသည့် နှင်းပွင့်တို့မှာ မြေပြင်၌ ဖြူဖွေးနေခဲ့ပြီး ကလေးသူငယ်များမှာ ထိုနှင်းများဖြင့် မြူးတူးဆော့ကစားနေခဲ့ကြသည်။
ညအချိန်ရောက်သည့်တိုင် ခရစ်စမတ်သီချင်းလာဆိုသည့်သူများကို နွေးထွေးစွာကြိုဆိုနေကြရင်း ပတ်ဝန်းကျင်တစ်ခုလုံးဟာ သာယာကြည်နူးဖွယ်အတိ ဖြစ်နေခဲ့သည်။သို့သော် တားမြစ်နယ်မြေအဖြစ်သတ်မှတ်ခံထားရသည့် အိမ်လေးတစ်အိမ်ဟာတော့ အလှမီးသီးများ ချိတ်ဆွဲထားခြင်းလည်းမရှိ၊ အိမ်မီးလည်း ထွန်းထားခြင်းမရှိ၍ တိတ်ဆိတ် မည်းမှောင်နေခဲ့သည်။
လူအများဟာ ထိုအိမ်ထဲ၌ လူရှိသည်ဟု ထင်မထားကြသော်လည်း ထိုအိမ်အတွက် ဆန်တာဖိုးဖိုးကများ လက်ဆောင်ပေးထားခဲ့သည်လား မသိ။အိမ်ခန်း၏တစ်ထောင့်တစ်နေရာက မွဲခြောက်စုတ်ပြတ်နေသောထင်ရှူးပင်တစ်ပင်၏ခြေရင်း၌ လဲကျနေသော လူတစ်ဦးရှိနေခဲ့လေသည်။ အချိန်အတော်ကြာသည်အထိ အေးစက်သော ကြမ်းပြင်၌ မလှုပ်မယှက်လဲကျနေခဲ့ရာ နားထဲသို့ ခွေးဟောင်သံတချို့ ကျောချမ်းစွာ ဝင်လာမှ သူ လဲကျနေသည်ကနေ အနည်းငယ် လူးလွန့်လာခဲ့လေသည်။
°°°ငါဘယ်ကိုရောက်နေတာလဲ? ဘာဖြစ်သွားတာလဲ? °°°
ခေါင်း၏နောက်ပိုင်း၌ ရိုက်ခံထိထားသည့်ဒဏ်ကြောင့် တဆစ်ဆစ်ဖြင့် ကိုက်ခဲနာကြင်နေ၍ အမြင်လွှာများကို ဖွင့်ထုတ်ဖို့အတွက်ပင် မျက်ခွံများဟာ အရမ်းလေးလံနေခဲ့သည်။ တစ်ကိုယ်လုံးကလည်း ဘာဖြစ်သွားမှန်းမသိအောင် ပူထူရှိန်းဖိန်းနေခဲ့စဉ် သူ အတိတ်ကို ပြန်စဉ်းစားမိတော့ . . .
မျက်ဝန်းထဲတွင် ရောင်စုံမီးရောင်များက အတင်းတိုးဝင်လာပြီးသည့်နောက် ပြေးလွှားနေသောနောက်ကျောတစ်စုံကို သူ တဝိုးတဝါးမြင်နေခဲ့ရ၏။ ဒါ့အပြင် သူကိုယ်တိုင်ကလည်း ထိုလူ၏နောက်ကို ပြေးလိုက်ရင်း အလင်းမဲ့သော အိမ်တစ်လုံးသို့ အရောက်မှာ. .
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...