(Unicode) နေ့တစ်နေ့ရဲ့ မနက် ၈နာရီ ထိုးပြီးချိန်တွင် . . ခါတိုင်းလို အခန်းထဲမှာ ရှိမနေတော့တဲ့အက်ဆစ်အတွက် အကောင်းဆုံးမနက်စာတစ်ခု ပြုလုပ်ပေးဖို့ ဟာလေ ပြင်ဆင်နေမိ၏။
ဒီနေ့အတွက် မနက်စာကတော့ အထူးစပါယ်ရှယ် အမဲသားစတိတ်ခ်ပဲ ဖြစ်သည်။ အက်ဆစ် သူ့အပေါ်မှာ ဆိုးလွန်းတာ သိပေမယ့် ဆိုးတာလေးကို ချစ်နေမိတဲ့ဟာလေတစ်ယောက် သူနဲ့အတူရှိနေရတဲ့အချိန်တွေ၊ သူနဲ့အတူ နမ်းရှိုက်ခဲ့မိတဲ့အနမ်းလေးတွေနဲ့ မမေ့နိုင်စရာအခိုက်အတန့်လေးတွေကို ပြန်တွေးယောင်ရင်း ဒီနေ့ တော်တော်လေး ကြည်နူးပျော်ရွှင်နေခဲ့လေသည်။
အဲ့ဒါကြောင့်လည်း အက်ဆစ်အတွက် ဆိုင်းမဆင့် ဘုံမဆင့်နဲ့ အကောင်းဆုံးအစားအသောက်တွေ ပြင်ဆင်နေခဲ့မိ၏။ . . ပြီးတော့ ဒီနေ့က ဟောလိုဝင်းအကြိုဖြစ်နေတော့ လူတိုင်းကလည်း တက်ကြွပျော်ရွှင်နေကြတာမို့ ဟာလေ ရောယောင်ပျော်နေမိတာလည်း ပါသည်။
အမဲသားစတိတ်ခ်မှာ ဆော့စ်က အဓိကဖြစ်ပြီး ဆော့စ်ကို ပါဝင်ပစ္စည်းတချို့နှင့်မီးမြိုက်ကာ တအားမကျက်လွန်းခင်မှာ မီးပိတ်ရတာဖြစ်သည်။ ပြီးနောက်မှ ဆားအနည်းငယ်ကို အပေါ်မှာ ပါးပါးလေးဖြူးရင်း နံနံပင် တစ်ရွက်နှစ်ရွက်ကို အနံ့အနေနဲ့ ထည့်ပေးရ၏။ ဟာလေ ဆော့စ်ပြုလုပ်နေစဉ် ဘေးမှာ ကင်ထားတဲ့အမဲသားတုံးတို့က အမွှေးနံ့တလှိုင်လှိုင် ပျံ့လွှင့်လာတော့သည်။
" ကုလားအိမ်ကျနေတာပဲ အမွှေးနံ့တွေ နံဟောင်လိ့ု။ အဲ့ဒါ ဘာလုပ်နေတာလဲ ဟာလေစံ "
သူ့စိတ်ကူးလေးနဲ့သူ ချက်ပြုတ်နေစဉ် အနောက်မှ ခြေသံမပေး ဘာမပေးပဲ သူ့အနားကို ရောက်နေပြီဖြစ်တဲ့အက်ဆစ်၏ခပ်မာမာအသံဓါတ်ကြောင့် ဟာလေ အနောက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်။
" သြော် မင်းရောက်လာပြီကိုး။ ငါ မင်းအတွက် စတိတ်ခ် လုပ်ပေးနေတာလေ။ မင်းမစားဖူးဘူးမဟုတ်လား။ မြည်းကြည့် လျှာလည်သွားမယ် "
" စတိတ်ခ် မစားဖူးရင် အမေရိကန်သား မလုပ်ဘူး။ ကျုပ်ကို ဘာမှမစားဖူးဘူးများ ထင်နေသလား။ အမေက အကုန်လုပ်ကျွေးဖူးခဲ့သား "
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
