(Unicode) ငိုယိုကာ ပြောဆိုနေသော ဂျူရီအမေရဲ့ စကားအရ ဂျူရီဟာ သူတို့စီစဉ်ခဲ့သည့်အကြံစည်အတိုင်း ထွက်ပြေးရင်း မတော်တဆ သေသွားခဲ့တာ ဖြစ်မည်။ သို့သော် ဘယ်လိုအကြောင်းအရာနှင့် သေသွားမှန်းမသိ၍ အက်ဆစ် တုန်တုန်ရီရီဖြင့် ဆက်နားထောင်ကြည့်မိတော့ . . .
" စိတ်လျှော့ပါ မိန်းမရယ်။ အရာအားလုံးက ဘုရားသခင် စီမံတဲ့အတိုင်းပဲပေါ့ "
" ဟင့်အင်း။ ကျွန်မသမီးရဲ့အသက်ကို ဘုရားသခင် စီမံတာ မဟုတ်ဘူး။ အဲ့ဒီရဲ ကျွန်မသမီးကို သတ်သွားတဲ့အဲ့ဒီရဲကြောင့်ပဲ။ အဲ့ဒီရဲကို ထိုက်သင့်တဲ့အပြစ်ဒဏ် ပြန်ခံရစေချင်တယ်။ "
" အေးပါ မိန်းမရယ်။ ကိုယ် အကောင်းဆုံးရှေ့နေ့ငှါးပြီး ဒီကိစ္စကို ကိုင်တွယ်မှာပါ။ ကိုယ့်သမီးကို အခုလို အကြောင်းမဲ့မသေစေရပါဘူး "
နှစ်ယောက်သား သေဆုံးနေသည့်ဂျူရီ့ရှေ့မှာ ဝမ်းနည်းပူဆွေးစွာ ပြောဆိုနေတဲ့စကားများအဆုံး၌ အက်ဆစ် ခြေလှမ်းတွေ တုန်ယင်လာပြီး ဆေးရုံကနေ အဝေးဆုံးကို ပြေးထွက်လာခဲ့မိလေသည်။
** မဟုတ်ဘူး။ မဟုတ်ဘူး။ ဂျူရီ မသေရဘူး။ ဂျူရီ သေသွားတာ မဟုတ်ဘူး။ မဟုတ်ဘူး **
ချစ်ရတဲ့သူငယ်ချင်းနှစ်ယောက်လုံးကို ဆုံးရှုံးသွားရတော့ ထိုဖြစ်ရပ်က အက်ဆစ်ကို မခံမရက်နိုင် ဖြစ်စေခဲ့သည်။ ရင်ထဲမှာလည်း သေလောက်အောင် မွန်းကြပ်နေခဲ့ပြီး ဆေးရုံအပြင်ဘက်က အုတ်ခုံတန်းလေးတစ်ခုရှေ့မှာ သူ ဒူးထောက်လျက် လဲကျသွားခဲ့လေသည်။
°° မဖြစ်နိုင်တာ။ ဒီကိစ္စက နင်နဲ့မသင့်လျော်ဘူး ဂျူရီ။ ငါ့ဘာငါ လုပ်မယ် °°
°° မဟုတ်ဘူး အက်ဆစ်။ ရှိန်းနက်အတွက် ငါကိုယ်တိုင် လက်စားချေပေးရမှ ကျေနပ်နိုင်မယ်။ ငါ နင့်ရဲ့ကိုယ်ပွါးတော့ လုပ်ပေးနိုင်ပါတယ်ဟ °°
ဒါ့အပြင် နားထဲ၌ ဂျူရီ၏တက်ကြွသော စကားသံများကို ပြန်ကြားယောင်ရင်း အက်ဆစ် မျက်ဝန်း၌ မျက်ရည်တောက်တောက်ကျလာပြီး ရှိန်းနက်သေဆုံးပြီး နောက်ပိုင်းက ပုံရိပ်တွေကို ပြန်မြင်ယောင်ခဲ့မိသည်။
လွန်ခဲ့သော ရက်ပိုင်းအနည်းငယ်က>>>
ခွမ်း . . .
စိတ်ရှိလက်ရှိ ရိုက်ချပစ်လိုက်သော အက်ဆစ်၏အားကြောင့် လက်ထဲက ဝိုင်ခွက်ဟာ လူတစ်ယောက်ရဲ့ခေါင်းတည့်တည့်၌ ထိမှန်ကွဲကြေသွားလျှက် . . .
ဒါ့အပြင် ထိုလူ၏နဖူးမှာလည်း သွေးစတွေ ယိုစီးလာလေတော့ . .
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
