ပြိုင်ဘက်/ ျပိဳင္ဘက္

3.3K 414 54
                                        

(Unicode)  " ဒီလူတွေကတော့ . . မစ္စတာရစ်ချက်နဲ့ပတ်သက်ခဲ့တဲ့လူတွေပါ။ ဒါပေမယ့် လူသတ်မှုအတွက် သံသယရှိစရာ မတွေ့ခဲ့ရပါဘူး အရာရှိ "
    
ရဲဌါနရဲ့လုပ်ထုံးလုပ်နည်းအတိုင်း စစ်ဆေးစုံစမ်းခဲ့ကြတဲ့ရဲဝန်ထမ်းတချို့မှာ သူတို့ရရှိသမျှ မှတ်တမ်းများကို ဗင်ဇယ်အား အစီရင်ခံနေလျှက်ရှိကြ၏။
ထိုစဉ် . . ဌါန၏တံခါးသို့ ညှင်သာစွာ ကျရောက်လာသော ခြေလှမ်းတစ်စုံနှင့် ခေါ်သံတစ်ခု . .

" အာ. . ဗင်ဇယ်တို့ အလုပ်ရှုပ်နေကြတယ်ထင်တယ် "

ထိုအသံပိုင်ရှင်ဟာတော့ ပန်းနုရောင်ကုတ်ရှည်အင်္ကိျီလေးဖြင့် ချစ်စရာကောင်းနေသော အယ်မလီ ဖြစ်နေခဲ့သည်။ သူရောက်လာတော့ ဗင်ဇယ်မှာ ထိုင်နေရာကနေ ကပြာကယာတန်းထကာ သူမဆီ ပြေးလာခဲ့၏။

" ဘာကိစ္စရှိလို့လဲ အယ်မလီ။ ဟိုကောင့်ကို လာတွေ့တာလား? "

" အလုပ်ရှုပ်နေတယ်ဆိုရင် ပြန်တော့မယ်လေ "

" နေ နေပါဦး "

သူမက အလိုက်သိစွာ ထွက်သွားဖို့ ကြံပေမယ့် ဗင်ဇယ်ဟာ သူမလက်လေးကို လှမ်းဆွဲကာ တားမြစ်လိုက်မိ၏။ ထွက်သွားတော့မည်ဖြစ်သော သူမ၏လက်ကို ပထမဆုံးအနေနဲ့ ထိထိမိမိဆွဲတားလိုက်တဲ့ ဗင်ဇယ်ကြောင့် အယ်မလီမှာ ရွှန်းလဲ့နေသောမျက်ဝန်းများဖြင့် သူ့ကို လှည့်ကြည့်လာခဲ့မိလေသည်။

" နင် ငါ့လက်ကို ဆွဲတားလိုက်တယ်နော်? "

" ဟုတ်တယ်။ ဒီတစ်ခါ ငါ မင်းရဲ့လက်ကို လွှတ်တော့မှာမဟုတ်ဘူး "

ဆုံးဖြတ်ချက်ပြတ်သားနေပြီဖြစ်သောအကြည့်များနှင့် ပြောလာသောဗင်ဇယ်၏စကားများကြောင့် အယ်မလီရဲ့မျက်ဝန်းထဲတွင် ရုတ်တရက်ဆိုသလို မျက်ရည်စတို့ လျှံတက်လာခဲ့ရတော့သည်။
အဲ့ဒီလုပ်ရက်နဲ့ အဲ့ဒီစကားတွေကို ဗင်ဇယ်ဆီက သူမ ကြားချင်နေခဲ့တာ ကြာပြီဖြစ်သည်။ သို့သော် အချိန်ကတော့ နှောင်းသွားခဲ့သည်မို့ အတိတ်က ပုံရိပ်တချို့ဟာ အယ်မလီ၏အမြင်လွှာထဲသို့ ဒဏ်ရာတစ်ခုအဖြစ် ပြန်ပေါ်လာခဲ့သည်။

ဟာလေနှင့် ရည်းစားမဖြစ်ခင်က . . .

" သူငါ့ကို ချစ်ခွင့်ပန်နေပြီ ဗင်ဇယ်။ ငါ ဘာလုပ်ရမလဲ? "

Hard Murder 1(Complete)Where stories live. Discover now