သံသယလေး တစ်ဆဆ/သံသယေလး တစ္ဆဆ

2.8K 341 20
                                        

(Unicode) ကိုလမ်ဘီးရားမြစ်ဖျားပိုင်းကျသော ထိုနေရာလေးတွင် မြစ်ရေသည် အဖျားရှူးသွားပြီး ချောင်းသာသာ ရှိနေခဲ့၏။ တသွင်သွင်စီးစင်းနေသော ထိုမြစ်ချောင်းလေး၏တစ်ဖက်၌ နှင်းစက်များကြောင့်စိမ်းစိုရွှန်းလဲ့နေသောမြက်ခင်းမြေပြင်က ငါးမျှားထွက်လာသူအပေါင်းကို စိတ်ကြည်နူးစေပြီး ကွက်ကျိုကွက်ကြား ပေါက်ရောက်နေတတ်သည့် ထင်းရှူးပင်နှင့် ပင်မြင့်ဆောင်းပဲပင်(hornbeam လို့ ခေါ်ပြီး အနှောင်းပိုင်းဆောင်းရာသီမှာ ပေါက်ရောက်တတ်တဲ့ ပဲပင်အမျိုးအစားပါ။ အမျိုးကွဲများစွာရှိပြီး တချို့က ဥယျာဉ်ခြံတွေမှာ အလှစိုက်ပျိုးတာမျိုးလည်းရှိပါတယ်။ ပင်မြင့်အမျိုးအစားဆိုလျှင် သာမန်သစ်ပင်မြင့်တွေလို စိမ်းစိုအုံမှိုင်းစွာ ပေါက်တတ်ပါသည့်အပင်အမျိုးအစား) စသည်တို့က သာယာတဲ့လေပြည်တချို့ကို ပေးစွမ်းနေခဲ့သည်။

နေရောင်မထွက်ပဲ မှုန်ထိုင်းထိုင်းနှင့် ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ ထိုနေရာလေးမှာ အက်ဆစ်နှင့်ဟာလေသာမကပဲ အပျော်ခရီးထွက်လာသူ သူငယ်ချင်းအဖွဲ့များ၊ မိသားစုများဖြင့် သိုက်သိုက်ဝန်းဝန်းဖြစ်နေခဲ့လေသည်။
ဟာလေနှင့်အက်ဆစ်ကတော့ ထိုလူတွေနှင့်အနည်းငယ်လှမ်းသည့် မြက်ခင်းပြင်၌ ခုံတိုလေးနှစ်ခုချကာ တိတ်ဆိတ်စွာ ငါးထိုင်မျှားနေခဲ့ကြသည်။

ကိုယ့်ရဲ့ငါးမျှားချိတ်နဲ့ သူ့ရဲ့ငါးမျှားချိတ် မည်သူက အရင်ဖမ်းမိမလဲတော့မသိပေမယ့် လောလောဆည် တသွင်သွင်စီးဆင်းနေတဲ့မြစ်လေးထဲမှာ အခြေချနေခဲ့လေသည်။
ထိုစဉ်. . . ဟာလေရဲ့ သက်ပြင်းချသံတစ်ခုက တိတ်ဆိတ်နေတဲ့သူတို့ရဲ့ပတ်ဝန်းကျင်အနှံ့ပျံ့နှံ့သွားလေတော့ . . .

" စိတ်မရှည်ဖြစ်နေတာလား? ငါးမျှားတယ်ဆိုတာ စိတ်ရှည်မှ ဖမ်းမိမှာပေါ့။ ဥပမာ ပြောရရင် အခု ခင်ဗျား ကျုပ်ကို ဖမ်းဖို့ စောင့်ဆိုင်းနေသလိုမျိုးလေ "

သူ့အထာကို သိလေတဲ့အက်ဆစ်က သူ့ဘက်သို့လှည့်လာပြီး စကားစစ်ထိုးလိုက်တဲ့အခါ အအေးဓါတ်ကြောင့် ခပ်ရဲရဲဖြစ်နေသောအက်ဆစ်ရဲ့မျက်နှာကို မကျေနပ်သည့်အကြည့်ဖြင့် စူးစိုက်ကြည့်မိလာခဲ့၏။

Hard Murder 1(Complete)Where stories live. Discover now