(Unicode) ဒုန်း . . . .
အပ်ကျသံပင်ကြားနိုင်လွန်းလောက်အောင် တိတ်ဆိတ်နေသော အခန်းတစ်ခုဟာ အားပြင်းပြင်းနဲ့ဖွင့်ချလိုက်တဲ့ တံခါးရဲ့အသံကြောင့် ရုတ်ချည်း ဆူညံသွားခဲ့ရလေသည်။ ထိုအသံက အခန်းထဲမှာ ရှိနေတဲ့မာ့ခ်ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့၏။
" ဘယ်သူတွေလဲ? "
အမှောင်ထဲ နေရတာများတော့ အမြင်လွှာတွေက တစ်ဖက်လူကို ပီပြင်စွာ မမြင်ရတော့၍ သူ့ရှေ့က ထိုလူသုံးယောက်ကို မနည်းစူးစိုက်ကြည့်လိုက်ရသည်။ ထိုစဉ် . . . တစ်ယောက်က တံခါးကို ပြန်ပိတ်ပြီး ဓါတ်မီးတစ်လက်ကို သူ့မျက်စိရှေ့တည့်တည့် စိုက်ထိုးလာခဲ့တော့ . .
" ခင်ဗျားတို့ ဘယ်သူတွေလဲလို့ မေးနေတယ်လေ "
မျက်လုံးကို လက်နဲ့ကာလိုက်ပြီး မေးသမျှ ပြန်မဖြေသော ထိုလူသုံးယောက်အား ဒေါသတကြီး အော်မေးလိုက်၏။
" ဟားဟား ဘယ်သူတွေရမှာလဲ? မင်းသမီးလေးကို ဧည့်လာတွေ့တာလေ။ မှတ်မိရဲ့လား သေချာကြည့်ပါဦး "
ပြောရင်းဆိုရင်း လူတစ်ဦးက ဓါတ်မီးကို သူတို့ဘက်သို့ ထိုးပြပေးလာတော့ မီးအလင်းရောင်နှင့် ကြည်လင်ပြတ်သားသွားသော ထိုလူ၃ယောက်၏မျက်နှာကြောင့် မာ့ခ် ချက်ချင်းဆိုသလို ကြောက်စိတ်တွေ ကိန်းအောင်းသွားခဲ့ရလေသည်။
နေရင်းထိုင်ရင်းတောင် ဒုက္ခရောက်နေတဲ့သူ့ကို ထပ်ပြီးနှိပ်စက်ဖို့ ရောက်လာတဲ့ ဂျေး၊ ဂျက်နဲ့ ဂျော်ကြောင့် အခုတော့ သူ့ဘဝက မိချောင်းအိုင်ထဲရောက်နေတဲ့ သားကောင်တစ်ကောင်လိုပင် . .။
" ဘာ ဘာလုပ်တာလဲ လွှတ် . . "
ထိုလူတွေကလည်း ရတဲ့အချိန် အခွင့်ကောင်းယူကာ သူ့အနားချဉ်းကပ်ကာ ဆွဲလားရမ်းလားလုပ်လာလေတော့ . . မာ့ခ် ထိတ်ထိတ်ပြာပြာဖြစ်ပြီး အော်ဟစ်ရုန်းကန်မိတော့သည်။
" ဟားဟား ကိုယ်တို့က ဧည့်လာတွေ့တာလေ။ လိမ်မာပါတယ် နော် ~ ငြိမ်ငြိမ်လေးနေလေ "
ဧည့်တွေ့ဟု လိမ်ညာပြီး အခန်းတံခါးကိုပိတ်ကာ သူ့ကို မကောင်းကြံစည်ဖို့ အားစိုက်နေကြရာ ဒီလိုအချိန်မှာ မာ့ခ်တစ်ခုခုဖြစ်သွားတောင် မည်သူမျှ သိလောက်မည်မဟုတ်ပေ။ သူ့ကို စောင့်ရှောက်ပေးနေခဲ့သည့်ခရစ်တန်ဟာလည်း သူ့အနားအချိန်ပြည့်ရှိမပေးနိုင်တော့ မာ့ခ်မှာ ရုန်းထွက်ရုံကလွဲပြီး တစ်ခြားမရှိတော့ပေ။
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
