(Unicode) ဟာလေ သတိလစ်နေခဲ့တဲ့အချိန်အတောအတွင်းမှာ အက်ဆစ်တစ်ယောက် သူ့သူငယ်ချင်း ဂျူရီကို သတ်ခဲ့သည့် အရာရှိဗင်ဇယ်အကြောင်းကို စုံစမ်းဖို့ ချက်ချ်ကျောင်းကနေ ထွက်သွားခဲ့သည်။
သေချာနောက်ယောင်ခံကြည့်မှ . . . အရာရှိဗင်ဇယ်ဟာ ဟာလေရဲ့ရည်းစား အယ်မလီနှင့် လွန်လွန်ကြူးကြူးဖြစ်နေခဲ့တယ်ဆိုတာ သူ သိသွားခဲ့ရသည်။
သွားနေကျ ဟိုတယ်ခန်းထဲမှာ လက်ထပ်ခွင့်ရပြီမို့ နှစ်ယောက်သား ချစ်ကြည်နူးပျော်မြူးနေတဲ့မြင်ကွင်းတွေကို ဟိုတယ်ဝန်ထမ်းယောင်ဆောင်ပြီး အက်ဆစ် ချောင်းကြည့်ခဲ့မိသည်။ နောက်ဆုံးမှာ . . ဟာလေစံဆိုတာ သူငယ်ချင်းနဲ့ရည်းစားဖြစ်သူရဲ့ နောက်ကျောကို ဓါးနဲ့ထိုးခြင်းခံရမည့်လူဆိုတာ အက်ဆစ် သိသွားခဲ့လေတော့ . . .
ဟာလေစံဟာ မတရားခံရတဲ့နစ်နာသူသာသာပဲရှိတယ်ဆိုတာ သိလိုက်ရခဲ့သည်။ သူ့ရဲ့မတရားမှုအတွက် ဖြေရှင်းပေးရမည်ကလည်း အက်ဆစ်၏တာဝန်အလား . . .
ဟင်း ~ ~
နေ့သစ်တစ်ခု ရောက်ရှိလာတော့ ခပ်စူးစူးနေရောင်ခြည်ဟာ အခန်းပြတင်းပေါက်က လိုက်ကာကို ကျော်လွန်ပြီး အလင်းရောင်အဖြစ် ဖြန့်ကျက်ကျဆင်းလာခဲ့သည်။ ထိုအလင်းရောင်ကြောင့် အမှောင်ထုထဲမှာ အတန်ကြာအိပ်စက်နေမိခဲ့တဲ့ ဟာလေတစ်ယောက် ဝမ်းဗိုက်မှ နာကြင်မှုတစ်ခုနှင့်အတူ ညည်းညူနိုးထလာခဲ့ရ၏။
တဖြည်းဖြည်း ဖွင့်ဟလိုက်တဲ့အမြင်လွှာကို ကြိုဆိုလိုက်တဲ့အလင်းရောင်ကြောင့် ဟာလေ သူ့ကိုယ်သူ ကောင်းကင်ဘုံရောက်သွားပြီလားဟုပင် ထင်မြင်လာခဲ့သည်။ သို့ပေမယ့် တစ်ဖက်သို့ ခေါင်းစောင်းလိုက်မိတဲ့အခါ သူ့ဘေးမှာ ကိုယ်ကိုကျုံ့ပြီး အိပ်စက်နေတဲ့အက်ဆစ်ကို တွေ့ရတော့ . .
** သြော် ငါ မသေသေးဘူးပဲ. . **
နားလည်ရခက်တဲ့ ကိုယ်တော်အက်ဆစ်က သူ့ကိုဓါးနဲ့ထိုးသတ်ခဲ့ပြီး အခု သူ့ဘေးမှာ လာအိပ်နေ၍ ဟာလေ အသံတိတ် ပြုံးရယ်လိုက်မိပြီး အက်ဆစ်ကို အနီးကပ်စိုက်ကြည့်လိုက်မိလေသည်။
ဝါဖျော့ဖျော့အရောင်ရှိတဲ့သူ့ရဲ့ဆံနွယ်တို့က နွေဦးကို ကြိုဆိုနေသယောင်ရှိပြီး ရက်စက်တတ်တဲ့ကျီးအ မျက်ဝန်းရောင်တွေကို ပိတ်ဖုံးထားတဲ့မျက်ခွံလွှာထက်က ဖြောင့်စင်းနေတဲ့မျက်တောင်မွှေးတို့ဟာ အပြစ်ကင်းစင်တဲ့ လူငယ်တစ်ယောက်အသွင် ဆောင်ကြည်းပေးနေခဲ့သည်။
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
