သိထားသောမသိခြင်း/သိထားသောမသိခြင်း

1.8K 308 77
                                    

(Unicode)  ** ခင်ဗျား ဘယ်ကိုထွက်သွားတာလဲ ဟာလေစံ **

ဒဏ်ရာများ ကျန်ရှိနေတာမို့ ဟာလေက သူ့ကို လူမမာအဖြစ်ဆက်ဆံနေသည်က မရပ်သေးပေ။ ဒါပေမယ့် အက်ဆစ်ကတော့ ဒဏ်ရာတွေဘယ်လောက်ပြင်းထန်နေပါစေ သူဟာ သတ္တိမခေတဲ့အတန်းစားပေမို့ သတိရလာသည်နှင့် သူ နေကောင်းသွားပြီဟုသာ ယူဆတတ်သည့်အမျိုး။ ကျောပြင်နဲ့ရင်ဘတ်က ဒဏ်ရာတွေက ထဖို့ခက်ခဲနေသော်လည်း ဟာလေကိုစိုးရိမ်နေတဲ့စိတ်နဲ့ အိပ်ရာက ကုန်းကြုံးထလိုက်မိသည်။
ပြီးနောက် အင်္ကိျီလက်ရှည်တစ်ထည်ကောက်ဝတ်ရင်း အခန်းထဲမှ ထွက်လာခဲ့လိုက်၏။

" အယ်မလီဆိုတဲ့နာမည်နဲ့ တိုကင်ထားတဲ့ဟင်းပွဲတွေရောက်ပြီလားဟေ့ "

အခန်းထဲကနေ သူထွက်လာစဉ် စားပွဲထိုးတစ်ယောက်က စားဖိုဆောင်သို့ လှမ်းမေးလိုက်သည့်အသံကို မထင်မှတ်ပဲ အက်ဆစ်ကြားသွားခဲ့ရသည်။ တကယ်တော့ ဆေးရုံကနေ ဗင်ဇယ်ဆင်းလာပြီမို့ အယ်မလီက  အားလပ်ချိန်လေးမှာ အကြီးကြီးချစ်ဖို့ ဟိုတယ်ကို ရောက်လာခြင်းဖြစ်သည်။ အခုလည်း ကြည်နူးဖွယ်ညစာစားပွဲလေးကို ပြင်ဆင်ခိုင်းထား၍ တာဝန်ကျစားဖိုမှူးများက ပြာယာခတ်နေကြတာမို့ . .  ဘယ်ကိုထွက်သွားမှန်းမသိတဲ့ဟာလေအတွက် အက်ဆစ် ကရုဏာဒေါသတွေ ထွက်လာရလေတော့သည်။ 

" တောက် ! ဘယ်ထွက်သွားတာလဲ? ဘယ်ကိုထွက်သွားတာလဲ ငတုံးရဲ့ "

ဟာလေကို ရှာချင်ဇောဖြင့် ဓါတ်လှေကားဆီ အပြေးသွားကာ အောက်ထပ်ထိ နှိပ်ဆင်းလိုက်သည်။ တရွေ့ရွေ့သွားနေသည့်ဓါတ်လှေကားက သူ့ကိုစိတ်မရှည်ဖြစ်နေစေတော့ မြန်မြန်သွားစေလုငြား အောက်ထပ်ခလုတ်ကို ခနခနဖိနှိပ်နေလျှက်ရှိ၏။

" ဆင်းစမ်းပါ။ မြန်မြန်ဆင်းစမ်းပါ "

သူစိတ်ပူနေသကဲ့သို့ ဗင်ဇယ်နှင့်အယ်မလီဟာ လက်တွဲချိတ်ထားရင်း ဟိုတယ်ဝန်းထဲသို့ စတင်ရောက်ရှိလာလေသည်။ အရာရှိတစ်ဦးကို ချစ်သူတော်ထားရ၍ သူမ၏ပုံစံဟာလည်း ဘဝင်လေဟပ်နေသကဲ့သို့ ကြွကြွမြောက်မြောက်သာရှိ၏။

" ဒါလင် အိမ်ကလူတွေက ဒါလင်တို့ ဘယ်တော့လက်ထပ်မှာလဲ မေးနေပြီသိလား။ အဲ့ဒါလေ လူကြီးတွေအချင်းချင်းလည်း ရင်းနှီးသွားအောင် စေ့စပ်ပွဲလေးလုပ်ထားရင် မကောင်းဘူးလား  "

Hard Murder 1(Complete)Onde histórias criam vida. Descubra agora