ကျိန်စာ/က်ိန္စာ

2.6K 371 26
                                    

(Unicode)  တစ်ပတ်ခန့်ကြာသော် -
အကျဉ်းထောင်ထဲ၌ ဆေးကုသမှု ခံခဲ့ရသော မာ့ခ်တစ်ယောက် ရက်ရှည်အနားယူလိုက်ရ၍ ပြန်လည်ကောင်းမွန်လာခဲ့သည်မို့ နောက်တစ်နေ့ဆိုလျှင် ထောင်ထဲသို့ ပြန်သွားရမည်သာ ဖြစ်သည်။
    
ဆေးကုသဆောင်၌ နေရလျှင် သူ့အတွက် စိတ်သက်သာရာ ရ၍ ဖြစ်နိုင်ရင် ထောင်ထဲကို သူ ပြန်မဝင်ချင်တော့ပေ။ ထောင်ထဲဝင်ဖို့ကို တွေးကြောက်နေတာမို့ လေစိမ်းတချို့ တိုးဝင်လာသော ပြတင်းပေါက်ကို ငေးမောကြည့်နေခဲ့၏။

** ငါ ဘာလို့ ဒီမှာ ရောက်နေရတာလဲ? ဒီလိုအချိန်တွေမှာဆို ငါ ကိုကို့အနားမှာ ရှိနေဖို့ လိုတယ်မဟုတ်လား။ နေရောင်ကို မခံနိုင်တဲ့ ကိုကိုက အခုဆို အပြင်လောကမှာ ဘယ်လိုများ အသက်ရှင်နေပါလိမ့် **

အမြဲတမ်း သူ့အပေါ် ဗိုလ်ကျကာ နှိပ်စက်ခဲ့သည့် အက်ဆစ်ကို စိတ်ပူနေရင်း အခုလို ဖြစ်ရပ်ဆိုးတွေကနေ အမြန်ဆုံး လွတ်မြောက်နိုင်ဖို့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ သူဆုတောင်းနေမိခဲ့သည်။

" ဘုရားသခင် စောင့်ရှောက်ပေးတော်မူပါ အေမင် "

နှုတ်ကနေ ဆုတောင်းမှုပြုရင်း ချက်စ်ကျောင်းကို မြင်ယောင်မိတော့ တစ်ချိန်က ပထမဆုံးနဲ့နောက်ဆုံးအနေဖြင့် မိသားစုအတူတူ ဝတ်ပြုခဲ့ဖူးတာကို ပြန်တွေးရင်း မျက်ဝန်းထဲ မျက်ရည်တွေ ဝဲလာခဲ့ရသည်။
အဲ့ဒီနေ့လေးတစ်နေ့သာ ထာဝရအဖြစ် ရပ်တန့်ခွင့်ရမယ်ဆိုရင် သူ့အသက်ကိုပင် စတေးပြီး အဲ့ဒီပျော်ရွှင်မှုကို ပြန်လိုချင်ပါသေးသည်။
သို့ပေမယ့် အခုတော့ . . .

" နိုးနေတာလား ကောင်လေး။ မင်းကို လူတစ်ယောက်က တွေ့ချင်လို့တဲ့။ လိုက်ခဲ့ပါဦး "

သူအတွေးနေစဉ် နားချိန်အတွင်း သူ့ဆီ ရောက်လာသော ခရစ်တန်က သူ့ကို ကူတွဲပေးကာ ဧည့်တွေ့ခန်းသို့ ခေါ်သွားခဲ့လေသည်။

" ဖြည်းဖြည်းလျှောက်။ မင်း နေကောင်းသွားတာ သေချာလို့လား။ အလာဂျစ်တွေရှိသေးလား ပြစမ်း "

ခရစ်တန်ဟာ သူ့အတွက် အကိုကြီးတစ်ယောက်လို စိတ်ပူပေးကာ သူ့လက်တွေကို ဆန်းစစ်ပေးနေခဲ့တော့ ခရစ်တန်ကို ကြည့်ရင်း သူအငိုက်မိသွားခဲ့ရ၏။
သူတွေးမိတာက . . အဲ့ဒီနေရာမှာ သူ့ရဲ့မွေးချင်းအကိုသာ ဖြစ်နေခဲ့ရင် ဘယ်လောက်ကောင်းမလဲဟု စိတ်ကူးယဉ်နေတာဖြစ်သည်။

Hard Murder 1(Complete)Où les histoires vivent. Découvrez maintenant