အကြင်နာအနမ်း/အျကင္နာအနမ္း

3.4K 372 34
                                        

(Unicode) " အက် အက်ဆစ် . .မင်း . . အစ်! "

ဗိုက်ထဲသို့ အစိမ်းသပ်သပ်ဝင်ရောက်လာတဲ့ နာကြင်မှုတစ်ခုကြောင့် ဟာလေ လှုပ်ရှားဖို့ပင် အားအင်မရှိတော့ပဲ အက်ဆစ်ရဲ့ပုခုံးကို ဖျစ်ညှစ်ကိုင်ဆွဲထားပြီးတဲ့နောက် . . . .
မြက်ခင်းစိမ်းပေါ်မှာ သူ့ရဲ့သွေးစတို့ တစ်စက်စက်စီးကျလာရင်း . . သူ့ရဲ့မျက်နှာဟာ အက်ဆစ်ရဲ့ပုခုံးပေါ် ယိုင်နဲ့ကျသွားပြီး အရုပ်တစ်ရုပ်လို ငြိမ်သက်သွားခဲ့ရလေသည်။

ဟင်းဟင်း . .
ထိုအခါမှ အက်ဆစ်တစ်ယောက် ရှူးရှူးရှဲရှဲနှင့် အသက်ရှူရှိုက်ရင်း စိတ်အခြေအနေ ပြန်ထိန်းပြီး သူ့ကိုယ်ပေါ်မှာ လေးလံလာတဲ့ဟာလေရဲ့ကျောပြင်ကို အသာထိကိုင်ကြည့်လိုက်မိ၏။

" ဟာလေစံ? "

ဒေါသကြောင့် ဖြစ်သွားတဲ့အခြေအနေမို့ အက်ဆစ်မှာ သူကိုယ်တိုင် ဟာလေကို ဓါးနှင့်ထိုးခဲ့သည့်ဖြစ်ရပ်အား မယုံကြည်နိုင်ဖြစ်နေခဲ့သည်။ ဒါပေမယ့် တကယ်ဖြစ်သွားခဲ့ပြီမို့ အက်ဆစ် စိုးရိမ်စိတ်တွေပြည့်နှက်သွားပြီး ဟာလေကို သူ့ပုခုံးထက်ကနေ အသာဆွဲဖယ်ကြည့်လိုက်မိသည်။

ဘာကိုမှ ပြန်မတုံ့ပြန်ပဲ အိပ်စက်နေသောလူသားအလား ငြိမ်သက်နေတဲ့ဟာလေကြောင့် သတိရလုရငြား သူ့ကိုယ်ကို အနည်းငယ်လှုပ်ရမ်းကြည့်သည်။ သို့သော် နိုးထ၍မလာ။ ဝမ်းဗိုက်မှ သူထိုးခဲ့မိသည့်ဓါးဒဏ်ရာဟာလည်း သွေးတစိမ့်စိမ့်ထွက်နေတော့ ဒဏ်ရာပေါ်သို့ လက်ဖဝါးဖြင့် ဖိကပ်ရင်း သွေးထပ်ထွက်မလာအောင် ကြံရွယ်နေခဲ့သည်။

" ဟာလေစံ . . ဟာလေစံ ထဦးလို့။ ဒီတိုင်း သေသွားတော့မှာလား? ကျုပ်ကို ဖမ်းမယ်ဆို။ ထစမ်း။ ထလို့ . . "

" ဟာလေစံ . . ခင်ဗျား ဒီလိုထွက်သွားလို့မရဘူးလေ။ ကျွန်တော့်ကို ထားခဲ့လို့ မရဘူးလေ။ ထပါ။ ခင်ဗျားရဲ့မျက်ဝန်းတွေကို ဖွင့်ပြီး ကျွန်တော့်ကို ကြည့်ပေးလို့ . . "

အနုနည်းနဲ့ခေါ်လည်းမရ အကြမ်းနည်းနဲ့ခေါ်လည်း နိုးထမလာပဲ ဒဏ်ရာက ပို၍သွေးတွေယိုစိမ့်လာလေတော့ အက်ဆစ် ဘာလုပ်လို့ လုပ်ရမှန်းမသိပဲ ခေါင်းတွေပူထူပြီး မျက်ရည်တွေ ဝဲလာခဲ့တော့သည်။
တကယ်ဆို သူ့ကို ဖမ်းမယ့်စုံထောက်တစ်ယောက်ကို အခုလိုအနေအထားမျိုးမှာ ပစ်ထားလို့ရခဲ့ပေမယ့် ဇဝေဇဝါနဲ့ တွယ်တာနေမိတဲ့အဲ့ဒီနှလုံးသားက ဟာလေဆီကနေ ပစ်ခွါခွင့်မပေးလေတော့ ထိုနေရာမှာတင် သူ့ရဲ့ပြာလဲ့လဲ့မျက်ဝန်းများက မျက်ရည်ပေါက်ကြီးငယ် ထွက်ကျလာခဲ့လေ၏။

Hard Murder 1(Complete)Donde viven las historias. Descúbrelo ahora