(Unicode) မဖြစ်နိုင်တဲ့ခရီးတစ်ခုကို နှင်လို့အပြီး . . .
တစ်ပတ်လောက်အကြာမှာတော့ လူစည်ကားလာတဲ့ဟိုက်ဝေးလမ်းမကြီးနဲ့ ဗိုလ်ဆန်ဆန်လေထုရနံ့ကို သူတို့ ခံစားလာခဲ့ရသည်။
ဟုတ်သည်။ နယူးယောက်ကို သူတို့ရောက်ခဲ့ကြပြီဖြစ်၏။" ဟဟ ကျုပ်ပြောသားပဲ ဟာလေစံရ။ ရောက်မှာပါလို့ ဟားဟား "
ုမြို့လမ်းဘေးမှာ ကားရပ်နားလိုက်တော့ အက်ဆစ်တစ်ယောက် ရယ်မောပျော်ရွှင်စွာနှင့် ကားပေါ်က ဆင်းချသွားသည်။ ဟာလေမှာ မျက်ရိုးတွေကို လက်ချောင်းများနှင့် ဖိပွတ်ရင်း နောက်မှ ကားထဲက ဆင်းလာခဲ့သည်။
မြို့ကြီးပြကြီးကို ရောက်၍ အက်ဆစ် ပျော်နေပေမယ့် ခရီးအဝေးကြီးကို နှင်လာရသည်မို့ ဟာလေ ပင်ပန်းနေပြီဖြစ်သည်။ ကြည့်ရတာ အသက်အရွယ်ရလာ၍ ခန္ဓာကိုယ်က ချိနဲ့လာသည်များလား။
သို့ပေမယ့် လူတစ်ယောက်ဟာ အသက်၄၀ကျော်မှ ဘဝရဲ့အစကို ရောက်တယ်လို့ ဆိုထားကြတာလည်း ရှိလေတော့ မဖြစ်စလောက် ခေါင်းမူးတာလေးကို ခေါင်းခါဖျောက်လိုက်ပြီး အက်ဆစ်နောက်ကို သူလိုက်သွားခဲ့သည်။အက်ဆစ်ကတော့ ပတ်ဝန်းကျင်ကို လည်ငေးရလွန်းလို့ ဘေးက သူ့ကို တိုက်မလဲရုံတမည်ပင်။ တစ်ခါတလေ တည်ငြိမ်အေးစက်တဲ့ထိုကောင်လေးက သူ့ဘေးမှာ ချစ်စရာကောင်းတဲ့ကလေးတစ်ယောက်လို ပြုမူနေပြန်တော့ သူ့လက်ကို ထိကိုင်ဖို့ ဟာလေ ကြံလိုက်မိသည်။
သို့ပေမယ့် အာရုံများနေတဲ့အက်ဆစ်ကြောင့် သူထိကိုင်ခွင့်မရခဲ့။ပွဲအမှီ တည်းခိုခန်းငှါးဖို့အတွက် ဘီယာဆိုင်နှင့်တွဲလျက်ဖွင့်ထားသည့်အဆောက်ဦးတစ်ခုကို သူတို့ဝင်သွားခဲ့သည်။ ဆိုင်နှင့်တွဲဖွင့်တတ်တဲ့ အငှါးခန်းလေးတွေက ဈေးသက်သာတာမို့ စီးပွါးရေးကျကျ တွက်တတ်တဲ့အက်ဆစ်က ထိုတည်းခိုခန်းကို ငှါးခြင်းဖြစ်၏။
" ဒါက အခန်းသော့ပါ။ အနောက်ဘက် တည့်တည့်ကိုလျှောက်ရင် အခန်း၅ကို ရောက်ပါမယ် "
" ဟုတ်ပြီ။ သွားမယ် ဟာလေစံ "
" အင်း "
ဒီလိုနဲ့ သူတို့တည်းခိုမယ့်အခန်းဘက်ကို ထွက်လာခဲ့သည်။ အခန်းဖွဲ့စည်းပုံက သပ်သပ်ရပ်ရပ်ရှိပေမယ့် တစ်ယောက်အိပ်ကုတင်လေး နှစ်ခုခွဲချထား၍ အက်ဆစ်မှာ သဘောကျနှစ်သက်သည့်ပုံမပေါ်ပေ။
အခန်းတံခါးကို ပိတ်ရင်း ထိုကုတင်နှစ်ခုကြောင့် အက်ဆစ် ဘယ်လိုလုပ်ရမလဲ ခေါင်းကုတ်နေမိစဉ် . . . ဟာလေက ကုတင်တစ်ခုမှာ ထိုင်ချကာ ကောင်တာမှာတုန်းက ယူလာခဲ့တဲ့ ချိုချဉ်တစ်ခုကို အမူးပြေလုငြား ဖောက်စားလိုက်မိသည်။
VOCÊ ESTÁ LENDO
Hard Murder 1(Complete)
Mistério / Suspense(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...