(Unicode) ရဲဌါနချုပ်မှာတော့ တရားခံ၏လက်ဗွေကို အတည်ပြုဖို့ သက်သေပစ္စည်းများကို စစ်ဆေးနေခဲ့သည်။ သေချာစစ်ဆေးကြည့်မှ မစ်ပန်ထရက်သွန်ကို သတ်ခဲ့သည့် ဓါးမြှောင် ပျောက်ဆုံးနေခဲ့၍ ဉာဏ်များလွန်းသော လူသတ်သမားဖြစ်သည့်အက်ဆစ်အား ဗင်ဇယ်တို့ အတင်းအကြပ်ခေါ်မေးနေခဲ့ကြသည်။
သူ့အိမ်သို့ တစ်ဖန်စစ်ဆေးမှုပြုသော်လည်း ထပ်ပြီးသဲလွန်စမရှိ၍ အားနွဲ့သောအမူအရာနှင့် ထိုကောင်လေးအား အတင်းအကြပ်စစ်မေးနေခဲ့ခြင်းဖြစ်၏။ သို့သော် ထိုကောင်လေးကတော့ ထုံးစံအတိုင်း ဆက်ငြင်းနေခဲ့သည်။
" ကျွန်တော် မဟုတ်ဘူး။ ကျွန်တော် လုပ်တာ မဟုတ်ပါဘူး ကျွန်တော် ပြောတာကို ယုံပါ "
" မင်း မလုပ်ရင် ဘယ်သူလုပ်မှာလဲ? မင်းလို စိတ်ဖောက်နေတဲ့လူသတ်သမားအတွက် တရားရုံးကို ခနခနမသွားနိုင်ဘူး။ အဲ့ဒီအတွက် မင်း ဆက်ငြင်းနေလည်း တရားခံက မင်းဆိုတာ ငါတို့ဖော်ထုတ်ပြမယ် "
ဗင်ဇယ်ရဲ့အမုန်းဆုံးလုပ်ရက်ဟာ ဗြောင်လိမ်ခြင်းပင်ဖြစ်သည်။ သို့ကြောင့် ထိုကောင်လေးဟာ တရားခံဖြစ်နေပါလျှက်နှင့် ငြင်းဆိုနေသည့်အတွက် သူ့ဒေါသဟာ ငယ်ထိပ်သို့ ရောက်လာခြင်းဖြစ်သည်။
" အရာရှိကို အလေးပြုပါတယ် "
ထိုစဉ် စစ်ဆေးခန်းထဲသို့ အမှုစစ်စုံထောက်တစ်ဦး ဝင်လာ၍ ဗင်ဇယ် ဒေါသကို လျှော့ကာ ထိုစုံထောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ပြီးနောက် ထိုသူ့ဆီက စာဖိုင်တချို့ကို လက်ခံရယူလိုက်၏။
အက်ဆစ်မှာတော့ လက်ထိပ်တန်းလန်းနှင့် ခုံပေါ်မှာ ကြောက်ရွံ့တုန်လှုပ်နေလျှက်သာ။ နှုတ်မှလည်း သူ မဟုတ်သည့်အကြောင်းပင် တဖွဖွရွတ်နေခဲ့သည်။
စာဖိုင်ကို စစ်ဆေးအပြီးမှာတော့ ဗင်ဇယ်၏ ဆွဲဆောင်မှုရှိသောနှုတ်ခမ်းမှ ကျေနပ်သောအပြုံးတချို့ပေါ်ပေါက်လာကာ စားပွဲပေါ်သို့ ထိုစာဖိုင်ကို ပစ်ချလိုက်သည်။ ထိုစာဖိုင်များက တစ်ဖက်မှာရှိသော အက်ဆစ်ဆီသို့ . . .
" ကဲ မင်းဘာငြင်းချင်သေးလဲ ဒိမ်မီယယ်သွန်။ သက်သေလက်နက်ကို ရှာမတွေ့လည်း မင်းအမေရဲ့ကိုယ်ပေါ်က မင်းရဲ့လက်ဗွေတွေကို အတည်ပြုနိုင်ခဲ့ပြီ။ တရားခံက မစ်ပန်ထရက်သွန်ရဲ့တစ်ဦးတည်းသော သား မင်းပဲကွ "
ВЫ ЧИТАЕТЕ
Hard Murder 1(Complete)
Детектив / Триллер(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
