(Unicode) ကူရာမဲ့သော အားကစားရုံကြီးထဲတွင်တော့ ရှိန်းနက်တစ်ယောက်တည်း ထိုကျောင်းသားငါးယောက်နှင့် ရင်ဆိုင်နေခဲ့ရသည်။
ထိုကျောင်းသားငါးယောက်ကတော့ သူ့ကို ဝိုင်းရပ်ကြည့်နေရင်း ခေါင်းဆောင်ရိမ်းက ဆူဘတ်ကို ချီးကျူးစကား စပြောလာတော့သည်။
" ဆူဘတ် ငါမင်းကိုတောင် ခေါင်းဆောင်တင်ချင်လာပြီ။ မင်းက အခုတလော ပိုပြီးသွေးအေးရက်စက်တတ်နေပါရောလား "
" ဟားဟား ခေါင်းဆောင်ရာထူးတော့ မယူချင်ပါဘူး။ ငါ ဒီလိုတိုးတက်လာတာ မင်းရဲ့သင်ကြားပေးမှုကြောင့်လေ။ ဘယ်လိုနေလဲ? အခုတော့ ဒီသားကောင်လေးကို အမဲဖြတ်ကြတော့မလား "
နှစ်ယောက်သား ရယ်မောပြောဆိုရင်း ကြမ်းပြင်၌ သူတို့ကို ကြောက်လန့်စွာ မော့ကြည့်နေသော ရှိန်းနက်အား ရမက်အကြည့်များနှင့် ကြည့်လာခဲ့ကြသည်။
ချက်ချင်းဆိုသလို ကီရိုနှင့်လီယိုဟာ ရှိန်းနက်အနားသို့ တိုးကပ်လာကြပြီး သူ့ကိုထိန်းချုပ်ဖို့ ကြံလာလေတော့ . .
" ဘာ ဘာလုပ်ကြတာလဲ? ဟင့်အင်း။ ကျွန်တော် ထပ်မလုပ်ပါရစေနဲ့။ ကျွန်တော် ကြောက်လို့ပါ။ ကျွန်တော့်ကို လွှတ်ပေးပါ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး "
သူတို့နှစ်ယောက်လက်ထဲ၌ ငါးလေးတစ်ကောင်လို ရက်ကန်ရက်ကန်ဖြင့် ရှိန်းနက် ငိုယိုတောင်းပန်နေခဲ့သည်။ ထိုစဉ် ရိမ်းက တစ်ဖက်မှာ ရပ်နေသည့် လူးကတ်အား မေးငေါ့ကာ အချက်ပေးလာခဲ့၏။
ထိုအခါ သိပ်ပြီး စိတ်မသက်သာသော မျက်နှာဖြင့် လူးကတ်က သူ့ရဲ့ကင်မရာအား ရိမ်းကို လှမ်းပေးလာခဲ့သည်။ ပြီးနောက်မှာတော့ သူ့ကျောပိုးအိတ်ထဲမှာ ပါလာတဲ့ BDSM(ညှင်းပန်းနှိပ်စက်သည့်ပစ္စည်း၊ နာကြင်မှုနှင့် လိင်စိတ်ကြွခြင်းအား သဘောကျတတ်သောသူများအတွက် ဖန်တီးပြုလုပ်သောပစ္စည်း) များကို တစ်ခုပြီး တစ်ခု ထုတ်နေခဲ့၏။
" ကလေး မင်းက စကားအမျိုးမျိုးပြောတာပဲ။ ခုနက ပြောတော့ အပြင်က ကောင်မအတွက် မင်း အနစ်နာခံပေးမယ်ဆို။ အခုလို ငိုယိုနေလို့ ဘယ်ဖြစ်ပါ့မလဲ? ဗီဒီယို စရိုက်မယ်ဆိုရင် ကျွန်တော့်ကို ဆက်ဆံပေးပါလို့ စပြောရမယ်။ ဟုတ်ပြီလား. . "
ESTÁS LEYENDO
Hard Murder 1(Complete)
Misterio / Suspenso(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
