(Unicode) ဖြန်း. . ဖြန်း . . ဖြန်း . .
ဟာလေ တားမြစ်ဖို့ကြိုးစားပေမယ့် နောက်ဆုံးမှာတော့ တုတ်ခိုင်နေသည့်ကြာပွတ်တစ်စုံဟာ သူ၏ကျောပြင်သို့ အရှိန်နှင့်အတူ ကျရောက်လာခဲ့လေသည်။
" အား. . ရပ်ပါတော့. . ရပ်ပေးပါတော့ အား "
လေထဲကနေ တစ်ဆင့် ကျောပေါ်သို့ ကြာပွတ်တစ်ချက် ရောက်လာတိုင်း စပ်ဖျင်းနာကြင်လွန်းလှ၍ ကြမ်းပြင်၌ ဟာလေ ကျောကော့ကာ လူးလိမ့်နေခဲ့ရသည်။ ထပြေးဖို့အတွက်လည်း ခြေထောက်အကြောတွေက ရပ်တန့်နေပြန်တော့ အက်ဆစ်၏လက်ထဲမှာပဲ ရုန်းရင်းဆန်ခတ်ဖြစ်နေလေသည်။
အက်ဆစ်ကလည်း သူ့ကို သစ္စာဖောက်တဲ့အတွက် ဒေါသထွက်နေပြီး အားနဲ့မာန်နဲ့ ရိုက်နှက်ပစ်နေခဲ့၏။အားကြီးတဲ့အတွက် ဟာလေရဲ့အရေပြားတို့မှာ တစ်ချက်နှစ်ချက်နှင့်တင် ပွန်းပဲ့ပေါက်ပြဲလာရတော့သည်။
" နာလား. . နာသလား ဟမ်။ ဟားဟား အင်း အဲ့ဒါ ခင်ဗျားရဲ့ကြိုးစားမှုအတွက် ရလာဒ်ပဲ။ သေစမ်း "
ဖြန်း. . ဖြန်း. .
" မရိုက်ပါနဲ့တော့ အက်ဆစ်။ ငါ မင်းကို သစ္စာဖောက်ခဲ့တာမဟုတ်ပါဘူး။ အား. .ငါ မင်းကို ရပ်တန့်စေချင်ရုံပါ အား "
အက်ဆစ်၏ရိုက်ချက်များကို လူးလိမ့်ရှောင်တိမ်းရင်း နာကြင်လွန်းလို့ ငိုသံပင် ရောယှက်နေသည့်အသံများဖြင့် ဆက်မရိုက်ဖို့ တောင်းဆိုနေမိခဲ့သည်။ ဒါပေမယ့် အက်ဆစ်က မရပ်ပဲ စိတ်ရှိတိုင်း ရိုက်နှက်ပစ်နေခဲ့တော့. . ဟာလေရဲ့အင်္ကိျီတွေ ပြဲပြီး အရေပြားတို့မှ သွေးစိမ်းရှင်ရှင် စိမ့်ထွက်လာခဲ့တော့၏။
နာလွန်းသည်မှာ အသက်ထွက်မတတ်ပင် ဖြစ်၍ ဟာလေမျက်ဝန်း၌ မျက်ရည်များစီးကျနေခဲ့ရသည်။" ကျုပ်က ဘယ်တော့မှရပ်တန့်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ဒီပွဲမှာ မှားယွင်းနေတာက ကျုပ် မဟုတ်လို့ပဲ။ ခင်ဗျားကို သေအောင် ရိုက်ပစ်မယ်။ ဟုတ်တယ် ခင်ဗျားသေမှ အေးမှာ။ သောက်ရူးကြီးရဲ့ "
" ရပ်ပေးပါ အက်ဆစ်။ အား. . အစ်. . တောင်းပန် တောင်းပန်ပါတယ်. . "
အမြဲတမ်းလည်း သတ်ပစ်ဖို့ ရည်ရွယ်ခဲ့ပေမယ့် သူ့ရဲ့မပြတ်သားနိုင်တဲ့စိတ်ကြောင့် ဟာလေကို သူအလျှော့ပေးမိနေခဲ့သည်။ သို့သော် ဒီတစ်ခါမှ အသေသတ်မပစ်လျှင် နောင်တစ်ချိန်မှာ သူ့အတွက် ဆူးညှောင့်သာ ဖြစ်လာနိုင်သည်မို့ သေတဲ့အထိ ရိုက်ပစ်ဖို့ ဆုံးဖြတ်လိုက်မိသည်။
VOCÊ ESTÁ LENDO
Hard Murder 1(Complete)
Mistério / Suspense(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...