(Unicode) နွေကူးလာသည့်နေ့သစ်များဟာ . . တောက်လောင်နေတဲ့ဒေါသနဲ့သေခြင်းတရားများကို ထွေးပိုက်ရင်း အက်ဆစ်အား ကြိုဆိုနေခဲ့၏။
" ဘာလုပ်နေတာလဲ ကိုကိုရဲ့။ ပြန်ကြမယ်လေ "
ဒီနေ့က သိုးဝယ်မည့်အဝယ်တော်တွေ ရောက်လာပြီမို့ အဝယ်တော်တွေရဲ့ကားနဲ့ မြို့ထဲကို ပြန်လိုက်ဖို့ အက်ဆစ် စီစဉ်နေခဲ့သည်။ အဝယ်တော်တွေကလည်း ဖာသာကြီးဆီ ငွေချေပြီး သိုးတွေကို လှောင်အိမ်ထဲသို့ ထည့်သွင်းနေခဲ့ကြ၏။
အက်ဆစ်ကတော့ အဝယ်တော်တစ်ဦးရဲ့အမိုးဖွင့်ဗန်ကားနောက်ခန်းမှာ ထိုင်ရင်း ဖာသာကြီးနှင့် စကားပြောမပြတ်သေးတဲ့ဟာလေကို အဝေးကနေ အဆက်မပြတ်အော်ခေါ်နေခဲ့သည်။
ဟာလေက ဖာသာကြီးကို နှုတ်ဆက်လို့မပြီးနိုင် စကားလမ်းကြောမဖြတ်နိုင်ဖြစ်နေခဲ့တော့ အက်ဆစ်အတွက် စိတ်မရှည်စရာတစ်ခု ဖြစ်နေရောပေါ့။
" ဘာလုပ်ဖို့လဲ လူလေးရဲ့ "
" အာ ဘာမဟုတ်ပါဘူး ဖာသာကြီး။ အိမ်က ခွေးရိုင်းလေးကို ထိန်းဖို့ပါ။ "
" အဲ့ဒီလောက်ဆို အဆင်ပြေရဲ့လား။ ဖာသာကြီးမှာ အများကြီးရှိသေးတယ်။ ဆေးကုစားခဲ့တုန်းက ပိုနေခဲ့တာတွေ။ ယူသွားပါဦးလား "
" ရတယ် ဖာသာကြီး။ ဒီလောက်ဆို ရပြီ "
အက်ဆစ်မမြင်အောင် နောက်ကျောနဲ့ကွယ်ပြီး ဖာသာကြီးဆီကနေ ဖန်ပြွန်ပုလင်းအသေးတစ်လုံးကို ဟာလေ ရယူခဲ့သည်။ အက်ဆစ်ကလည်း နလဗိန်းတော့မဟုတ်။ ဟာလေ ဘာကြံစည်နေမှန်းမသိပေမယ့် သူ့ရဲ့နောက်ကျောက မူမမှန်ဖြစ်နေမှန်း သတိတော့ထားမိပါသည်။
တစ်နေ့ထက် တစ်နေ့ သူနဲ့ပတ်သက်တဲ့သံသယက တိုးလာပြီး မသတ်ရက်ဖြစ်နေတော့ ထိုလူသားကို ငှက်လေးတွေလို လှောင်ချိုင့်ထဲမှာ ပိတ်လှောင်ထားရမလားပဲ. . ။
ဒါပေမယ့်လည်း ဟာလေ ဘယ်လိုတွေကြံစည်ပြီး သူ့ကိုဖမ်းဦးမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေမိပြန်တော့ ခဏ လွှတ်ထားကြည့်ရတာပေါ့။
" ဒိမ်မီယယ်လား?? "
ဟာလေကိုကြည့်ရင်း သူအတွေးလွန်နေစဉ် သူ့နာမည်ကိုလှမ်းခေါ်နေတဲ့ယောကျာ်းသံတစ်ခုကြောင့် တစ်ဖက်သို့ သူလှည့်ကြည့်လိုက်မိသည်။ အသံကတော့ သူ့ကို တရင်းတနှီးကြိုဆိုနေတာမဟုတ်တာမို့ သူ့လက်ထဲမှာ ကိုင်ထားတဲ့စီးကရက်လိပ်ကို မြေပေါ်ပစ်ချပြီး ခြေနှင့်တက်နင်းရင်း မခံ့လေးစားလုပ်ပြလာခဲ့၏။
KAMU SEDANG MEMBACA
Hard Murder 1(Complete)
Misteri / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
