စိတ္တဇဆန်သောည/စိတၱဇဆန္ေသာည

2.3K 301 54
                                    

(Unicode)  °°° မာ့ခ် . . မာ့ခ် . . သေလူတစ်ယောက်ရဲ့နှလုံးသားကို ရှင်သန်ခွင့်ပြုမထားဘူးနော်။ အဲ့ဒီအတွက် မင်းမှာ ပျော်ရွှင်ခွင့် ကြည်နူးခွင့်မရှိသလို ဝမ်းနည်းနာကြည်းခွင့်လည်း မရှိဘူး . . မင်းဟာ သေလူ မင်းက သေလူတစ်ယောက်ပဲ . . မင်းက ပုံရိပ်ယောင်။ မင်းက အက်ဆစ်ရဲ့အရိပ် °°°

" တော်ပါတော့. . တော်ကြပါတော့ . . ဟီး. . "

ခရစ်တန်ထွက်သွားပြီး နောက်မှာတော့ မာ့ခ်တစ်ယောက် အထီးကျန်ဆန်ပြီး အားငယ်တတ်တဲ့ဘဝကို ပြန်ရောက်သွားခဲ့ရသည်။ ဒါ့အပြင် စိတ္တဇဆန်တဲ့အိမ်လေးထဲမှာ သူရှင်သန်ခဲ့ရသည့်နေ့ရက်တွေက သူ့ကို ပြန်ခြောက်လှန့်လာပြီး တစ်ယောက်တည်း အေးစက်စက် ရေပန်းတွေအောက်မှာ တိတ်တိတ်လေး ငိုကြွေးနေမိခဲ့၏။

ဟုတ်သည်။ ဒီအချိန်က ထောင်သားတွေရဲ့ရေချိုးချိန်ဖြစ်တာမို့ ဟောခန်းကြီးထဲက လိုက်ကာလေးတွေခြားထားတဲ့ရေပန်းတွေအောက်မှာ ထောင်သားအသီးသီး ရေချိုးနေခဲ့ကြလေသည်။ တချို့ဟာ အများသုံးဗေစင်က နံရံကပ်မှန်တွေမှာ မုတ်ဆိတ်ရိပ်ကာ တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်နေခဲ့ကြ၏။
ထိုအထဲမှာ မာ့ခ်ကတော့ ထောင့်ကျတဲ့နေရာလေးမှာ ရေလည်းမချိုးပဲ ရေပန်းတွေအောက်တွင် စိတ်ညစ်စွာ ထိုင်နေခဲ့၏. . ။

ထိုစဉ် . . .
သူ့ရဲ့သတင်းကို ကြားသိပြီးသားဖြစ်တဲ့ ဂျေး၊ဂျက်နဲ့ဂျော်တို့က အခွင့်ကောင်းကို စောင့်ဆိုင်းကာ ရေချိုးခန်းထဲသို့ ဝင်လာကြတော့သည်။
ဂျေးနှင့်ဂျက်က ရေချိုးနေသည့်လူများကို အချက်ပြ၍ အပြင်သို့ ထွက်ခိုင်းစေသည်။ ဂျော်ကတော့ သူ့ဘဝတစ်သက် စကားမပြောနိုင်အောင် လုပ်ခဲ့သည့် မာ့ခ်ဆီသို့ တစိုက်မတ်မတ်သွားရောက်ရင်း ကာထားသည့် လိုက်ကာကို ဖျတ်ခနဲ ဆွဲဖယ်ပစ်လိုက်လေသည်။

" ဟင်? အား ဘာလုပ်တာလဲ လက်ကိုလွှတ် "

ထို့နောက် သူ့ကိုတောင် မမြင်ပဲ စိတ်သောကရောက်နေသည့် မာ့ခ်၏လက်ကို အတင်းဆောင့်ဆွဲပြီး လိုက်ကာအပြင်သို့ ဆွဲထုတ်တွန်းကန်ပစ်လိုက်၏။

ဝုန်း . . . အ  . . .

ကြမ်းပြင်တစ်ခုလုံးကလည်း ချိုးရေများဖြင့် စိုရွှဲနေတာမို့ မာ့ခ်တစ်ယောက် ပြန်ပြီးကုန်းကြုံးထဖို့ပင် မတတ်နိုင်ခဲ့ပေ။

Hard Murder 1(Complete)Where stories live. Discover now