2.2K 303 31
(Unicode) ထိုညမှာတော့ ဟာလေတစ်ယောက် ဘာမှမဖြစ်ခဲ့တဲ့ပုံ ဟန်ဆောင်ရင်း အခန်းလေးထဲ၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့လေသည်။ ဘဝမှာ ပင်ပန်းခဲ့တာတွေ၊ အိပ်ရေးပျက်ခဲ့တာတွေကို အက်ဆစ်ရဲ့အိမ်ရောက်မှ အတိုးချပြီး အိပ်နေလေသလား. . ။
ဟင်း . . .
ထိုစဉ် အိပ်မက်ထဲ တစ်ခုခုထူးဆန်းတာ ပါသွားသလားမသိ။ ဟာလေ၏နှုတ်၌ ညည်းသံသဲ့သဲ့လေးထွက်လာခဲ့သည်။
" မလုပ်နဲ့ . . အာ "
ကြည့်ရတာ အက်ဆစ်နဲ့ဖြစ်ခဲ့တဲ့ပုံရိပ်တွေက သူ့ကိုအိပ်မက်အဖြစ် ပြန်နှိုးဆပေးနေသလား။ ဟာလေရဲ့မှိတ်ထားသောမျက်ဝန်းလေးမှာ ပို၍ စင်းကော့လာပြီး ခန္ဓာကိုယ်မှာ အနည်းငယ်လူးလွန့်လာတော့၏။ တစ်နေရာရာကလည်း မခံနိုင်လောက်အောင် ပူနွေးနွေး ယားကျိကျိ ဖြစ်နေတော့ အိပ်မက်လား တကယ်လား မသည်းကွဲတဲ့ ထိုခံစားချက်ကြီးကြောင့် မျက်လုံးအစုံ ဖျတ်ခနဲပွင့်လာခဲ့သည်။
အား . . .
သူမျက်လုံးဖွင့်ဖွင့်ချင်းမှာ ထင်မှတ်မထားတဲ့ပုံရိပ်တစ်ခုကြောင့် ဟာလေ လန့်ဖြန့်ပြီး ထအော်မိတော့၏။
ဘာကြောင့်ဆို သူလွှားခြုံထားတဲ့စောင်ရဲ့အောက်မှာ တစ်စုံတစ်ခုရှိနေသည့်ဟန်ဖြင့် လုံးလုံးကြီး ဖောင်းထွက်နေ၍ဖြစ်သည်။
" စိတ်ပျက်လိုက်တာ ဘာလို့ ထအော်နေတာလဲ "
" မင်း မင်း . . "
ဟာလေအော်တော့ စောင်အောက်ကနေ အက်ဆစ်ရဲ့အသံကိုကြားရ၍ သူ့ရဲ့အောက်ပိုင်းကို ဘာတွေလုပ်နေမှန်းမသိတဲ့အက်ဆစ်ကြောင့် စောင်ကို အတင်းလှန်ဖယ်ပစ်ပြီး ဘေးစားပွဲက မီးအိမ်လေးကို ချက်ချင်းတန်းဖွင့်လိုက်မိသည်။ အလင်းရောင်ထင်ဟပ်လာပြီး စောင်မရှိတော့တဲ့နောက်မှာ အက်ဆစ်က သူ့ခြေနှစ်ဖက်ပေါ် ဖိညှပ်ထိုင်ထားတာတွေ့ရပြီး အင်္ကိျီလစ်ဟာနေတဲ့သူ့ရဲ့ဝမ်းဗိုက်မှာ နီညိုကွက်တွေ ဗွက်ပေါက်နေသည်ကို မြင်လိုက်ရလေသည်။
" ဒါ ဒါ ဘာတွေလဲ? မင်း ငါ့ကို ဘာလုပ်ထားတာလဲ "
" ကျုပ်လုပ်တာ မဟုတ်ဘူး။ မွန်းလုပ်တာ "
အက်ဆစ်ဟာ မက်ကင်းကိစ္စနဲ့ ပတ်သက်လျှင် ဘာမဆိုင်ညာမဆိုင် ခွေးကလေး မွန်းအား လွှဲချတတ်ပေမယ့် အခုက အခန်းထဲမှာ မွန်း မရှိ။
Hard Murder 1(Complete)Where stories live. Discover now