လီလီပန်းကလေးရဲ့ ဒိုင်ယာရီ/ လီလီပန္းကေလးရဲ႕ ဒိုင္ယာရီ

3.4K 260 27
                                        

(Uni) ကိုယ်ချစ်တဲ့သူတစ်ယောက်က . . တစ်ခြားတစ်ယောက်ကို ချစ်နေတယ်ဆိုရင် ကိုယ့်အတွက်က နာကျင်မှုနဲ့ မုန်းတီးမှု ဘယ်ဘက်မှာ အလေးသာနေမယ်လို့ ထင်ကြသလဲ. . ။
ပန်ထရက်ဇာဆိုတဲ့ ခပ်ကြောင်ကြောင်ကောင်မလေးတစ်ယောက်အတွက်ကတော့ . . နာကျင်မှုထက် မုန်းတီးမှုကို ပိုအလေးသာနေခဲ့ပါတယ်။

သူ့ရဲ့အချစ်ကို မမြင်နိုင်ပဲ တစ်ခြားတစ်ယောက်အပေါ်မှာ မေတ္တာမျှနေခဲ့တဲ့လူကို မုန်းတယ်။ အရမ်းကြီးမုန်းမိပါတယ်။ ချစ်လွန်းလို့ ပိုမုန်းရသည်ဟု ဆိုလျှင် မမှား ။

သူမရဲ့အရည်ကြည်လဲ့နေတဲ့မျက်ဝန်းတွေကြားမှာ လက်တွဲလျှောက်နေတတ်တဲ့သူတို့နှစ်ယောက်ရဲ့ပုံရိပ်တွေကို မြင်ရတိုင်း . . ပန်ထရက်ဇာတစ်ယောက် သေလောက်အောင် မွန်းကြပ်ရတတ်တယ်။ ထိုမွန်းကြပ်မှုအတွက် အိမ်သာထဲမှာ အမြဲကြိတ်ငိုနေတတ်ပြီး ဒေါသကြောင့် ကိုယ့်လက်ကို ခဲချွန်ဓါးနှင့်လှီးတတ်သည်မှာလည်း မကြာမခဏပင် ဖြစ်ပါရဲ့။ ဒါ့ကြောင့် သူမလက်တွေမှာ အမြဲပတ်တီးအဖြူနှင့်ဖြစ်နေတတ်သော်လည်း ဆွဲဆောင်မှုရှိပြီး လှပတဲ့သူမဟာ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ကြည့်ကောင်းနေတတ်တာမျိုး။

" လီလီ နင် နင် ဘာဖြစ်ထားပြန်ပြီလဲ? ငါ့ကိုပြစမ်း "

သို့ပေမယ့် သူမဒဏ်ရာရတိုင်း စိတ်ပူနေတတ်တဲ့ သူမရဲ့အခန်းဖော်လေးတစ်ယောက် ရှိနေခဲ့ပြန်တယ်။ ထိုကောင်မလေးရဲ့နာမည်ကား ယူရှရီလို့ခေါ်တဲ့ တရုတ်မလေးဖြစ်ပြီး ပန်ထရက်ဇာကို တွယ်တာလွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် လှပတဲ့ပန်ထရက်ဇာကိုလည်း လီလီပန်းလေးနှင့်တင်စားပြီး လီလီ ဟု ချစ်စနိုးနှင့်ခေါ်တတ်သေးရဲ့။

" ဖယ်စမ်းပါ။ ငါဘာမှမဖြစ်ဘူး။ ဒါနဲ့ နင်က လှလို့ပလို့ပါလား။ ဒါက ဘယ်ကိုသွားမှာလဲ? "

" သြော် ဒီနေ့ ကျောင်းပိတ်ရက်လေ။ အဲ့ဒါ ရစ်ချက်က ငါ့ကို ချိန်းတွေ့ဖို့ခေါ်လို့ သွားမလို့ "

" ဘာ "

သို့သော် ဖြစ်ချင်တော့ ထိုတရုတ်မလေးက ရစ်ချက်သွန်ဆိုသော ကျောင်းသားတစ်ဦးနှင့် ချစ်သူအဆင့်ရောက်လုနီးနီးဖြစ်နေခဲ့တယ်။ ရစ်ချက်သွန်ဆိုတာ တစ်ကျောင်းလုံးမှာ အချောဆုံးယောကျာ်းတစ်ယောက်ဖြစ်လေတော့. . . ထိုယောကျာ်း၏အချစ်ကို သူ မရပဲ ထိုတရုတ်မလေး ရသွားမည်ကို စိတ်ပူနေလေသလား??

Hard Murder 1(Complete)Место, где живут истории. Откройте их для себя