(Unicode) လူရိပ်လူယောင် မတွေ့ရပဲ တိတ်ဆိတ်ခြောက်ကပ်နေတဲ့ပတ်ဝန်းကျင်ကို စူးစမ်းအကဲခတ်ရင်း ဆူဘတ်တစ်ယောက် ကားပေါ်ကနေ ဆင်းလာခဲ့သည်။ ထို့နောက် လက်ထဲမှာ အသင့်ပါလာပြီးသားဖြစ်တဲ့ သေနတ်တစ်လက်ကို မောင်းတင်ရင်း သံလမ်းဆီသို့ ချဉ်းကပ်လာခဲ့မိသည်။
တကယ်တော့ သူတို့စာမေးပွဲပြီးတဲ့အချိန်မှာ အက်ဆစ် သူတို့ဆီ ရောက်လာလိမ့်မယ်ဆိုတာ သူတို့ကြိုသိထားခဲ့ပြီးသားဖြစ်သည်။ ဒါ့ကြောင့်လည်း သူ့အကို ဗင်ဇယ်နဲ့ သူတို့နှစ်ယောက်ပေါင်းပြီး ရက်စက်တဲ့အက်ဆစ်ကို ထောင်ထဲထည့်ဖမ်းဖို့ ကြံစည်ထားခဲ့ကြသည်။
** ဂရုစိုက်ပါ ဆူဘတ်။ မင်းက ရှေ့ဆောင်လုပ်ပြီး သူ့ကိုမျှားခေါ်ရမှာမို့ ကိုယ့်အသက်ကို ဂရုစိုက်ပါ။ ဒီသေနတ်ကို မင်းယူထား **
ယခုလည်း အက်ဆစ်က သူတို့ရဲ့လှည့်ကွက်ထဲကို ဝင်လာနှင့်ပြီမို့ သတိကြီးကြီးထားပြီး ဗင်ဇယ်ပေးလိုက်တဲ့သေနတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ သံလမ်းထက် ရောက်သွားခဲ့လေသည်။
အဲ့ဒီအချိန် ရှည်လျားကျယ်ဝန်းတဲ့သံလမ်းရဲ့ အစွန်းတစ်ဖက်မှာ တဝိုးတဝါး သူမြင်လိုက်ရသည်က . . .
ဟင်း. . ဟင်း . . ဟင်း . .
ရထားသံလမ်းပေါ်မှာ ကန့်လန့်အနေအထား ကြိုးတုပ်ဖမ်းခံထားရသည့်ရိမ်းပင် ဖြစ်နေခဲ့သည်။
" ရိမ်း. . ငါလာပြီ ရိမ်း. . ရိမ်း "
ရိမ်းကိုမြင်တော့ ဆူဘတ်လည်း စိတ်ပူသွားတဲ့ဟန်ပန်နဲ့ သူ့ဆီ တဟုန်ထိုးပြေးသွားမိလေတော့ . .
ဝုန်း. . အစ် . .
သူမမြင်လိုက်တဲ့တစ်နေရာကနေ အက်ဆစ်ရဲ့ခုန်အုပ်ခြင်းကို ဆူဘတ်ခံလိုက်ရသည်။ အဲ့ဒီအချိန်မှာပဲ လက်ထဲက သေနတ်ဟာ မြေပြင်သို့ လွတ်ကျသွားပြီး အက်ဆစ်နှင့်ဆူဘတ်တို့ အလူးအလဲ စတင်တိုက်ခိုက်ကြတော့သည်။
" မင်းလင်ကိုထိရင် ရောက်လာလိမ့်လို့တော့ ထင်သားပဲ။ ဒီနေ့က မင်းတို့သေမယ့်နေ့ပဲ ခွေးကောင်တွေ "
ခွပ် ခွပ် ခွပ် . . .
ဆူဘတ် အောက်သို့ရောက်သွားခိုက်မှာ အက်ဆစ်ဟာ အပေါ်ကနေ ဖိအုပ်ပြီး မျက်နှာကို လက်သီးနဲ့ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ထိုးနှက်ပစ်ခဲ့သည်။ ထိုအခါ ဆူဘတ်လည်း အားကျမခံပဲ အက်ဆစ်ကို ပြန်လည်ချေပဖို့ ရှိသမျှ အားကုန်သုံးကာ ပြန်ခုခံသည်။
ESTÁS LEYENDO
Hard Murder 1(Complete)
Misterio / Suspenso(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
