(Uni) မှတ်မှတ်ရရ ဒီဇင်ဘာ ခရစ်စမတ်ညမှာ ခရစ်စမတ်နိဒါန်းဆိုပြီး အစပျိုးရေးခဲ့တဲ့ Hard Murderလေး ဘာလိုလိုနဲ့ တစ်ခန်းရပ်သွားခဲ့ပြီနော် ။
ရှစ်လ နီးပါးလောက် ကြိုးစားရေးသားခဲ့ရတဲ့ဒီဝတ္ထုလေးကို အမြဲစောင့်ပြီး ဖတ်ရှုပေးကြတဲ့စာဖတ်ပရိသတ်တစ်ဦးချင်းစီကိုလည်း အလင်း အရမ်းကျေးဇူးတင်ပြီး ချစ်လည်းချစ်ရပါတယ်။ဒီဇာတ်လမ်းလေး ပြီးသွားတော့ စာဖတ်သူလေးတွေ မေးကြတယ်။ တစ်ခန်းရပ်ဆိုတော့ နောက်တစ်ခန်းလာဦးမှာလားလို့ . . ဟုတ်ကဲ့ ဆန့်တင်ငင်လုပ်ရတာ အလင်းရဲ့အကျင့်ဖြစ်နေလို့ ဖတ်ရတာ အရှိန်ပျက်သွားစေရင် တောင်းပန်ပါတယ်။
ဒီဇာတ်လမ်းလေးရဲ့အဆက်က Hard Murder (Season 2) အဖြစ် ပြန်လာဖို့ရှိပါတယ်လို့။ ဟီး ပျော်သွားကြပြီမလား ?? 😁အဲ့ဒီဇာတ်လမ်းလေးထဲမှာ အက်ဆစ်နဲ့ဟာလေ အကြံတူဉာဏ်တူနဲ့ ရှေ့သွားကြမလား
ဘာတွေ သဘောထားကွဲလွဲကြဦးမလဲ ဆိုတဲ့အကြောင်းတွေနဲ့ . .
ပျောက်ဆုံးနေတဲ့မာ့ခ်နဲ့ ခရစ်တန်အကြောင်းလည်း ပြန်ပါလာမှာမို့ စာဖတ်သူတွေ မာ့ခ်လေးအတွက် စိတ်မပူကြပါနဲ့နော် ။
သူ့နယ်မြေကနေ ကင်းကွာသွားပြီဖြစ်တဲ့ အက်ဆစ်နဲ့ဟာလေကို အငြှိုးထားပြီး ဘယ်လိုလက်တုံ့ပြန်ဦးမလဲဆိုတဲ့ ဗင်ဇယ်ရဲ့လှည့်ကွက်တွေကိုလည်း တွေ့ရဦးမှာဖြစ်ပါတယ်။ 🙄😌တကယ်တော့ အလင်း ဒီဇာတ်လမ်းကို လွယ်လွယ်ကူကူနဲ့ဖန်တီးနိုင်ခဲ့တာ မဟုတ်ပါဘူး ။ ကာရိုက်တာတွေ များတော့ တစ်ဦးတစ်ယောက်ချင်းစီကို ဟာကွက်မရှိအောင် ဖန်တီးဖို့ သေချာplotစီပြီး ရေးသားခဲ့ရတာဖြစ်ပါတယ်။
ကိုယ် အခက်ခဲဆုံးဖန်တီးထားတဲ့အရာမို့ တန်ဖိုးလည်းထားသလို အသရေလည်း အဖျက်မခံနိုင်ပါဘူး။ရေးတဲ့အကြောင်းက စိတ္တဇအကြောင်းဖြစ်ပါတယ်။ စိတ္တဇဝတ္ထုတစ်ပုဒ်ရဲ့ ရသက ခံပြင်းစိတ်နဲ့ဒေါသကို ဖြစ်စေပါတယ်။ ပြီးတော့ စိတ္တဇဇာတ်လမ်းရဲ့ ကာရိုက်တာတွေက အမြဲတမ်းပြည့်စုံမနေတတ်ပါဘူး။ သူတို့မှာလည်း သူတို့အားနည်းချက်နဲ့ သူတို့ရှိပါမယ်။ ဒီတော့ စိတ်ဝင်စားမှ လာဖတ်ပါ။ မကြိုက်ရင် တိတ်တိတ်ကလေး လစ်သွားပါ။ အလင်း ဘာမှမပြောပါဘူး😉
အင်း . . လာဖတ်ပြီး ပေါ့ပျက်ပျက်စကားလုံးတွေနဲ့တော့ မနှောင့်ယှက်ဖို့တော့ အနူးညွတ်တောင်းဆိုထားပါမယ်။ ဒီဇာတ်လမ်းက ဘယ်လို၊ ဒီကာရိုက်တာကလည်း ဘယ်လိုကြီး စသဖြင့် ဆဲဆိုပုတ်ခတ်တဲ့စကားလုံးတွေလာပြောမယ့်အစား ကိုယ့်စိတ်ကြိုက် ကိုယ့်ဘာကိုယ်ပဲ Ficထိုင်ရေးလိုက်တော့လို့ အကြံပြုပေးချင်ပါတယ်။
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...