(Unicode) " ဟင်း. . ပျင်းလိုက်တာနော်။ ရှိန်းနက် ရှိန်းနက် ငါ့ကိုပစ်ထားလိုက်။ သိလား။ ငါကတော့ ကိုယ့်မောင်လေးလို ခင်လိုက်ရတာ ချစ်လိုက်ရတာ. . ဒင်းက ဘယ်ပျောက်နေမှန်းကို မသိဘူး "
အက်ဆစ်ရှိခဲ့သည့်အချိန်တုန်းကဆို သူတို့သုံးယောက် သွားအတူ၊ စားအတူ ရှိခဲ့ကြပေမယ့် အက်ဆစ် ထောင်ကျသွားသည့်အချိန်က စပြီး ရှိန်းနက်ဟာ အမြဲမှိုင်တွေနေတတ်တဲ့အပြင် တစ်ယောက်တည်း အနေများလာသည်။
ဂျူရီကိုလည်း သိပ်မပေါင်းတော့ပဲ အတန်းချိန်ပြီးတိုင်း စောထွက်သွားတတ်၍ ဂျူရီတစ်ယောက်တည်း အထီးကျန်နေခဲ့ရ၏။
" တစ်ချိန်က မိုးမမြင် လေမမြင်ဖြစ်ခဲ့တဲ့ လူတွေ အခုတော့ မိုးပေါ်ကနေ ခွေးကျ ဝက်ကျ ကျပြီပေါ့။ ခစ်ခစ် "
သူမကို အမြဲရန်လာလာစတတ်သည့် မိန်းကလေးများဟာလည်း တစ်ချိန်ကဆို အက်ဆစ်ကို ကြောက်လွန်း၍ ငြိမ်နေခဲ့ကြပေမယ့် အခုတော့ သူမကို ပြန်ရန်စလာကြသည်။
သူမက ပြဿနာမဖြစ်ချင်၍ ငြိမ်နေတတ်ပေမယ့် ဒီနေ့မှာတော့ သူမရဲ့လော့ကာပေါ်၌ Gay Pornပုံများ ကတ်ထားပြီး ရန်စလာခဲ့သည်။ LGBTကို ထိလျှင် ဆတ်ဆတ်မခံတတ်သည့် သူမအား အရွဲ့တိုက်သည့်ပုံနှင့် အများသိအောင် အခုလို လုပ်ခဲ့ကြခြင်းဖြစ်သည်။
ကျောင်းဆင်းကျောင်းပြန်လူများမှာ သူ့ရဲ့လော့ကာပေါ်က ယောကျာ်းနှစ်ယောက် လိင်ဆက်ဆံနေသည့်ပုံများကို ကြည့်လိုက်၊ သူမအား ပျက်ရယ်ပြုနေသည့်အကြည့်များဖြင့် ကြည့်လိုက်နှင့် ကဲ့ရဲ့သွားကြသည်။
ဤသည်ကို ထိုမိန်းကလေးအဖွဲ့က စောင့်ကြည့်ရင်း ဂျူရီ့အား အရှက်ခွဲနေခဲ့ကြလေသည်။
" ဘာတဲ့။ LGBTတဲ့လား။ အော်ဟော့ အဲ့ဒီလိုကြီးမှန်း ဒို့မသိခဲ့ဘူး။ ဂျူရီက အဲ့ဒါတွေကြိုက်တယ်ဆိုတာ အခုထိ မယုံနိုင်သေးဘူး။ ဒါပေမယ့် နင့်မွေးနေ့နီးနေပြီမိ့ုလေ လက်ဆောင်လုပ်ပေးလိုက်တာ။ "
" ဟုတ်တယ်။ ငါတို့ရဲ့လက်ဆောင်ကို နင်သဘောကျရဲ့လား ဂျူရီ။ မဟုတ်ပေါင် ဘာတဲ့ ဟို ဖူဂျိုရှိဆိုလား ခစ်ခစ် "
" ဟာဟား. . ဟုတ်တယ်။ ဘာတဲ့ ဖူဂျိုရှီ ခစ်ခစ်။ အဲ့ဒီဂျပန်အသံလေးက ဗိုလ်ဆန်တယ်နော် "
ВЫ ЧИТАЕТЕ
Hard Murder 1(Complete)
Детектив / Триллер(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
