(Unicode) ** ဟာလေစံက ငါ့နောက်ကို လိုက်လာခဲ့တာ။ ဒီလိုဆိုရင် ဂျူရီ့ကို သတ်ခဲ့တာ ဟို ရဲအရာရှိကောင်လား? **
သူ့ကို အားလုံးက ထားရစ်သွားခဲ့ကြ၍ အက်ဆစ် အရမ်းစိတ်မွန်းကြပ်ပြီး ရမ်ပုလင်းကို ကိုင်စွဲရင်း အိမ်သို့ ဒယိမ်းဒယိုင်ပြန်လာခဲ့လေသည်။ ရှိန်းနက်နှင့်ဂျူရီအား သတ်ပစ်သည့်တရားခံများကိုလည်း တစ်စစီ စုတ်ဖြဲပစ်ချင်စိတ်ပေါက်နေတော့ မျက်ဝန်းထဲမှာ ဒေါသခိုးများ ထောင်းထောင်းထနေခဲ့၏။
အရက်မူးနေတာတောင် သူ့ရဲ့ကြောက်စရာကောင်းတဲ့မျက်နှာရိပ်ဟာ လုံးဝ ပျောက်မသွားပေ။ ညမီးတိုင်များနှင့်အတူ သူ့ပုံစံဟာ တစ္ဆေတစ်ကောင် အလား။
ဝုတ်ဝုတ်~ ~ ဂီး
ဒုန်း ဘုန်း . . . . .အိမ်ထဲဝင်ဖို့ နောက်ဖေးတံခါးကို သူဆွဲဖွင့်လိုက်တဲ့အခါမှာတော့ အိမ်ထဲက သောင်းကျန်းသံများကို သူ စတင်ကြားလာခဲ့ရ၏။ စိတ်တိုနေတဲ့အချိန် အခုလို ဆူညံသံတွေက ဒေါသကို ပိုဆွနေသလိုမို့ အက်ဆစ်တစ်ယောက် တံခါးကို အတင်းဆောင့်ပိတ်ချလိုက်လေသည်။
ဂျောင်း . . .
" ဟေ့ မွန်း. . ဘာဖြစ်နေတာလဲ? "ထို့နောက် အာဏာဆန်သောအသံဖြင့် အော်ဟစ်မေးလိုက်လေတော့ သူ့ခြေရင်းသို့ ခွေးနက်လေး မွန်းဟာ အပြေးရောက်လာခဲ့၏။ ဒါ့အပြင် အမြှီးတနှံ့နှံ့ဖြင့် ခေါင်းက ရှေ့ဘက်သို့ မျက်နှာမူကြည့်နေတော့ . . ဟာလေ လွတ်မြောက်သွားတာလားဆိုတဲ့အတွေးနဲ့ အက်ဆစ် အိမ်ခန်းထဲသို့ အတင်းပြေးဝင်လာခဲ့သည်။
ဟာလေအနားသို့ရောက်တော့ သူ့ဘေးက ကြမ်းပြင်၌ ပန်းအိုးကွဲစတချို့ ပျံ့ကျဲနေခဲ့ပြီး ထိုကွဲစများကို အသုံးပြုရင်း လွတ်မြောက်ဖို့ ကြိုးစားခဲ့သည့် ဟာလေကို တွေ့ခဲ့ရလေသည်။ တစ်နေ့လုံး အားကြိုးမာန်တက်နှင့် ဖြတ်ထုတ်ပစ်ခဲ့၍ သူ့ကိုယ်ပေါ်က တိတ်များဟာ ပြဲထွက်နေပြီး ထိုတိတ်များကြားထဲမှ ဟာလေရုန်းထွက်နိုင်ခဲ့သည်။
ယခင်က ဆူညံနေသောအသံဟာ သူ့လည်ပင်း၌ အထိန်းချုပ်ခံထားရသည့် လည်ပတ်အား ဖြုတ်နိုင်ဖို့ ခွေးကလေး မွန်းဆီက သော့ကို အတင်းဆွဲလုခဲ့၍ ဖြစ်သည်။
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...