(Unicode) ရထားသံကင်းမဲ့သွားသော သံလမ်းထက်တွင် ဆူဘတ်၏ငိုရှိုက်သံများနှင့် အက်ဆစ်၏တိုးတီးရယ်မောသံတို့သာ အစားထိုးနေရာယူလာခဲ့လေသည်။
" အင်း . . ဘယ်လိုလုပ်မလဲ ဆူဘတ်။ မင်းရဲ့ဟန်နီက မင်းကိုထားပြီး ထွက်သွားရှာပြီကွ ဟဟ "
သူသာအနိုင်ရနေတဲ့ပွဲကြီးမှာ အက်ဆစ်တစ်ယောက် မျက်နှာဖုံးရဲ့နောက်ကွယ်တွင် ကျေနပ်ပြုံးရယ်ရင်း ဆူဘတ်ရှိနေသည့်ထိုင်ခုံကို ပြန်၍ ထောင်မတ်ပေးလိုက်သည်။ ထိုအခါ ဆူဘတ်၏လည်ရွှဲနေသော မျက်ရည်တို့ကို သူ ထင်းထင်းရင်းရင်း မြင်လိုက်ရ၏. . ။
" အို . . ငိုနေတာလား? တော်တော်ခံစားသွားရတာလား? မငိုပါနဲ့။ ငိုရင် ကြည့်မကောင်းတော့ဘူးလေ "
သူကျဆင်းခဲ့ရတဲ့မျက်ရည်တွေနဲ့ထပ်တူ ဆူဘတ်ကို အခုလို ပြန်မြင်ရတော့ ပျော်ရွှင်တက်ကြွနေသောအသံဖြင့် ဖေးမပြောဆိုရင်း ဆူဘတ်ရဲ့မျက်ရည်တွေကို လက်ဖြင့် ပွတ်သပ်သုတ်ပေးခဲ့သည်။ ဆူဘတ်မှာ အက်ဆစ်ကို မုန်းတီးလွန်း၍ သူ့ပါးပြင်ပေါ်က အက်ဆစ်ရဲ့လက်ကို ခေါင်းတရမ်းရမ်းဖြင့် ဖယ်ခွါနေခဲ့၏။
အင်း. . အင်း . .
" သြော် မင်းငါ့ကို မုန်းနေတာလား? ဘာလို့လဲ? ငါ ဘာလုပ်မိလို့လဲ ဆူဘတ်ရဲ့။ အဲ့ဒါ ငါလုပ်တာမှ မဟုတ်တာ။ ရထားကြီးရဲ့အပြစ်လေကွာ ခစ်ခစ် "
အီး . . အင်း . . ဂင်း . .
" အာ နားညီးလိုက်တာ။ အော်ဖို့အတွက် မင်းအဲ့ဒီလောက်တောင် တောင့်တနေတာလား? အော်ချင်နေတာလား? ကောင်းပြီလေ။ ဒါဆို မင်းစိတ်ကြိုက် အော်ပေတော့ "
မကြာခင် သူလည်း ဒီနေရာမှာ အက်ဆစ်ရဲ့သတ်ဖြတ်ခြင်းကို ခံရမယ်ဆိုတာ သိပေမယ့် . . ရုတ်တရက်ကြီး သူ့ရင်ဘတ်ထဲကို ဓါးနဲ့စိုက်ထိးခံရလိမ့်မယ်လို့ ဆူဘတ် တွေးမထားမိပေ။
ဇွတ် ! အွစ် . .
သို့သော်လည်း စိတ်မြန်လက်မြန်တဲ့အက်ဆစ်က သူ့ရဲ့ဓါးနဲ့ ရင်ဘတ်အလယ်တည့်တည့်ကို ဇွက်ခနဲ စိုက်ထိုးလိုက်၍ ဆူဘတ်မှာ နာကျင်ဖို့တောင် မေ့ပြီး ရုတ်တရက် မှင်သက်သွားခဲ့ရလေသည်။
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
