အတွင်းကြေ/အတွင်းကြေ

2.7K 325 55
                                        

(Unicode) သူလည်း ဘာစကားတစ်ခွန်းမှမဟပဲ အက်ဆစ်က အလိုလိုသိသွားပြီး ခါးကြားက ဓါးမြှောင်ကို ဆွဲထုတ်ကာ အယ်မလီဆီ သွားဖို့ကြံရွယ်လေတော့ . .

" မလုပ်ပါနဲ့။ မလုပ်ပါနဲ့ အက်ဆစ်။ ငါတောင်းပန်ပါတယ် ငါတောင်းပန်ပါတယ်နော် "

ပြဿနာထပ်မကြီးချင်၍ အက်ဆစ်၏ခြေထောက်ကို ပြေးဆွဲဖက်တွယ်ရင်း စိုးရိမ်တကြီးဖြင့် ငိုယိုတောင်းပန်လာခဲ့သည်။ သို့သော် ဟာလေမှာ သူပေးတဲ့ဒဏ်ရာတင်မကပဲ . . တစ်ခြားဒဏ်ရာတွေရှိနေတာမြင်ရတဲ့အက်ဆစ်မှာ ဒေါသများဖြင့် ပြည့်နှက်နေခဲ့၍ ထိန်းမရသိမ်းမရဖြစ်နေခဲ့၏။

" ခင်ဗျား ဖယ်။ အဲ့ဒီကောင်မကို အခုသတ်ရမှကျေနပ်မယ်။ ကျုပ်ကို လာမတားနဲ့ "

" မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့ အက်ဆစ်။ ငါတောင်းပန်ပါတယ်နော် . . ဒီ ဒီဒဏ်ရာ ဘယ်လိုရခဲ့လဲ ငါပြောပြပါ့မယ်။ ကျေးဇူးပြုပြီး စိတ်လျှော့ပါနော် . . ငါတောင်းပန်ပါတယ်။ ရပ်လိုက်ပါတော့ အက်ဆစ်ရယ် "

" မရပ်ဘူး။ အဲ့ဒီကောင်မအတွက် ခင်ဗျားမျက်ရည်ကျတာကို မလိုချင်ဘူး။ ဒီတော့ အဲ့ဒီမျက်ရည်တွေမရှိအောင် သူ့ကိုသတ်ပစ်ရမယ်။ ဖယ် . . ခင်ဗျားမဖယ်ရင် ခုနကထက် ပိုဆိုးမယ်နော် "

ဟာလေက ခေါင်းမာသလို အက်ဆစ်ကလည်း စိတ်ကြီးသည်။ ထို့ကြောင့် အက်ဆစ်စိတ်ကြီးလာတဲ့အခါ ဟာလေလည်း သူ့ကိုမနိုင်ရှာ။ ခြေသလုံးကို ဖက်တွယ်ပြီး အသံတွေပြာဝေမတတ် အော်ဟစ်တောင်းပန်နေရသည်မှာလည်း ဟာလေ ရူးမတတ်ပင်။

" မလုပ်ပါနဲ့။ အခု ဘယ်သူက ငါ့ကိုဒုက္ခပေးနေတယ်လို့ ထင်လို့လဲ? မင်း . . မင်းပဲ။ အဟွတ် . . မင်းငါ့ကိုအမြဲစိုးရိမ်အောင်လုပ်တယ် မင်းငါ့ကိုအမြဲစိတ်ဒုက္ခ္ခပေးတယ်။ အခုလည်း ငါပင်ပန်းနေတာကိုသိသိနဲ့ မင်းဘာလို့ ဒီလိုတွေလုပ်နေရတာလဲ? ရပ်ပါတော့ အက်ဆစ်ရယ် . . ကျေးဇူးပြုပြီး. . ကျေးဇူးပြု . . ပြီး . . ရပ် . . ဟင်း . . ဟင်း ~ "

ဘုတ် !
ခန္ဓာကိုယ်က ဖိအားတွေအရမ်းများလာတော့ နဂိုက အဖျားရှိန်နဲ့ ဟာလေ တောင့်ခံမထားနိုင်ခဲ့ပဲ အက်ဆစ်၏ခြေထောက်ကို ဖက်တွယ်ထားရာကနေ ကြမ်းပြင်ပေါ် ဘုတ်ခနဲ ပစ်လဲကျသွားတော့သည်။
ခြေထောက်မှ ထိန်းချုပ်မှုတစ်ခု လျော့ကျသွား၍ အက်ဆစ်လည်း အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်မိတော့ . .

Hard Murder 1(Complete)Where stories live. Discover now