(Unicode) တည်းခိုခန်းမှ ပြန်ထွက်လာကြသော လမ်းတစ်လျှောက်ဟာ မှောင်မိုက်နေပြီး ကားမီးရောင်တစ်ခုသာ အလင်းပြုနေခဲ့သည်။ ကားမောင်းနှင်နေသည့်အက်ဆစ်ကလည်း ဟာလေကို တစ်စက်ကလေးမှ စကားမပြောပဲ သူ့အတွေးနဲ့သူ မောင်းနေခဲ့ပြီး လမ်းခွတစ်ခုအရောက်မှာ သစ်တောလမ်းထဲသို့ ရုတ်တရက်ကြီး သူ ချိုးမောင်းလိုက်လေသည်။
" ဟင်. . အက်ဆစ် ကားလမ်းက သွားရမှာလေ "
" ခင်ဗျားပါးစပ်ပိတ်ထား "
ပြောပြောဆိုဆိုနှင့် ကြောက်စရာကောင်းပြီး သစ်ပင်ထီးထီးကြီးတွေပဲရှိတဲ့ မြေလမ်းထဲသို့ အရှိန်ဖြင့် သွတ်မောင်းသွားပြီး တစ်နေရာ၌ သူကားကိုရပ်တန့်ပစ်လိုက်သည်။
" ရပြီ ဆင်းတော့ "
ထို့နောက် ဟာလေကို ကားအပြင်သို့ ထွက်ခိုင်းပြီး သူက လက်အိတ်အမည်းတစ်စုံစွပ်ကာ စတီယာလက်ကိုင်နှင့်ကားတံခါးများကို အဝတ်တစ်ခုဖြင့် ပွတ်သုတ်နေခဲ့လေသည်။ ကျောချမ်းစရာကောင်းတဲ့ ဒီလိုနေရာကြီးမှာ ကားသန့်ရှင်းလေးလုပ်မလို့များလားဟုပင် ဟာလေထင်မိ၏။
" အက်ဆစ် . . မင်း ဒီနေရာမှာ ဘာလာလုပ်နေတာလဲ? "
" လေမပေါနဲ့။ ခင်ဗျားလည်း ဝတ် "
သူမေးတော့ သူ့ကိုပါ လက်အိတ်တစ်ခုပစ်ပေါက်ပေးလာရာ ကြည့်ရတာ တစ်ခုခုဖုံးကွယ်ဖို့လုပ်နေသည့်ပုံဖြင့် ဟာလေ သူ့အိတ်ထဲက အသံသွင်းခလုတ်ကို မသိမသာနှိပ်ပြီး လက်အိတ်ကို စွပ်လာခဲ့သည်။
တိတ်ဆိတ်နေတဲ့တောကြီးထဲမှာလည်း ကားအင်ဂျင်သံနှင့် သူတို့၏အသက်ရှူသံများသာ ပြည့်နှက်နေခဲ့သည်။ အက်ဆစ်ကတော့ လက်နဲ့ထိတွေ့ထားသည့်နေရာများကို အဝတ်နှင့်ပြောင်အောင်သုတ်ပစ်ပြီး ကားထိုင်ခုံအဖုံးများကို သူ့ခရီးဆောင်အိတ်ထဲမှာ အသင့်ပါလာတဲ့အဖုံးများနှင့် အကုန်လဲလှယ်နေခဲ့၏။" အက်ဆစ် မင်း တကယ်ဘာလုပ်နေတာလဲ ငါနားမလည်တော့ဘူး "
ဟာလေမေးခွန်းရဲ့နောက်မှာ အက်ဆစ် သူ့ကို မခံ့လေးစားအကြည့်ဖြင့် ခေါင်းစောင်းကြည့်ရင်း စကားကို တဲ့တိုးပြောလာခဲ့သည်။
![](https://img.wattpad.com/cover/252500153-288-k859463.jpg)
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...