(Unicode) မြို့ပြများ၏ ညသည် လျှပ်စစ်မီးအလင်းရောင်များဖြင့် နေ့ခင်းတစ်ခုအလား ထိန်ထိန်လင်းနေခဲ့သည်။ ည၌အလုပ်လုပ်သော လုပ်သားများလည်းရှိသည်မို့ လမ်းပေါ်၌ လူပျက်သွားသည်ဟူ၍ မရှိ။
သို့သော် လူတိုင်းက ကိုယ့်အလုပ်ကို လုပ်နေကြသည်မို့ လူသတ်ဖို့ ကြံရွယ်နေသောအက်ဆစ်ကို မည်သူမျှ သတိမထားမိရှာ။အယ်လ်ဖာသဘောၤကူးသန်းသွားလာရေးကုမ္ပဏီတစ်ခုမှာလည်း ညဆိုင်းဆင်းသော အလုပ်သမားတချို့ဖြင့် အသက်ဝင်နေခဲ့ပေမယ့် တစ်စုံတစ်ဦးကတော့ အသက်မဲ့ရကိန်းရှိသည်။ ထိုသူကား အက်ဆစ်သတ်ချင်နေသည့် အစ္စဘယ်ဆိုသော အမျိုးသမီးသာ။
ကျယ်ဝန်းသော ကုမ္ပဏီခန်းကြီး၌ အလုပ်ဆင်းသွားကြသော တချို့နေရာများတွင် မီးပိတ်ထားသည်မို့ အလင်းရောင်က ကွက်ကျိုကွက်ကြား ရှိနေခဲ့သည်။
" ဟဲ့ အစ္စဘယ်။ နင် မစ္စတာရစ်ချက်ရဲ့ဈာပနကို မသွားဘူးလား။ မနေ့က သဂြိုလ်လိုက်တယ်ဆိုလို့ "
ကုမ္ပဏီစင်္ကြံဘက်၌ သူမနှင့် သူမသူငယ်ချင်းတို့နှစ်ယောက် အလုပ်ခနနားရင်း ကော်ဖီသောက်ကာ စကားစမြည်ပြောနေခဲ့ကြသည်။ သူမကို သတ်ဖို့ ကုမ္ပဏီထဲသို့ ခိုးဝင်လာသည့် အက်ဆစ်ကိုတော့ သူမတို့သတိမထားမိ။
" ဟာ အဲ့ဒီအကိုကြီးလား။ မသွားတော့ပါဘူး။ ငါနဲ့မှ မဆိုင်တော့ပဲ "
" ဘာလို့လဲ? နင်ပဲ အရမ်းချစ်လို့ တွယ်ကပ်နေခဲ့ပြီးတော့ "
" အသက်မဲ့သွားသည်ဖြစ်စေ ပျက်စီးသွားသည်ဖြစ်စေ ဘယ်အရာမှ အသုံးမဝင်တော့ဘူးဟ။ အဲ့ဒါကြောင့် ငါကတော့ ပစ်ချလိုက်ပြီ "
မာယာများသောမိန်းမပီပီ သူမ၏လက်လွတ်စပယ်စကားများကြောင့် ချောင်းနားထောင်နေသော အက်ဆစ်မှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ ပုံစံဟာလည်း တွန့်လိမ်နေသောဆံပင်တို့ကို တစ်ဖက်သိမ်းစည်းထားကာ ဖွေးဖြူဖြူလည်တိုင်တစ်ခုနှင့် ယောကျာ်းတကာကို မြူဆွယ်ချင်သည့်ဟန်ပင်။ ဝတ်ထားသည့် အင်္ကိျီလက်ရှည်မှာ လည်ဟိုက်ပုံစံဖြစ်ပြီး တင်းကားနေသော ရင်အစုံကို တစ်ဝက်နီးနီး ပေါ်နေစေသည်။ တင်းပြောင်နေသော ပေါင်တိုစကတ်ဟာလည်း ထိုင်လိုက်လျှင် ဗလာကျင်းပေါ်မည့် အမျိုးအစားမို့ သူမဝတ်စားဆင်ယင်ပုံကို ကြည့်ပြီး အက်ဆစ် အော့အန်ချင်နေခဲ့သည်။

BẠN ĐANG ĐỌC
Hard Murder 1(Complete)
Bí ẩn / Giật gân(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...