မရဏမျက်ဝန်း/မရဏမ်က္ဝန္း

3.4K 343 35
                                        

(Unicode) ဝတ်ပြုခန်းထဲ၌ ဖာသာနှင့် sisalတချို့က စင်ထက်မှ တရားတော် ရွတ်ဆိုသံများ ပျံ့လွင့်နေပြီး လူအများဟာ ဆိတ်ငြိမ်စွာ နှလုံးသွင်းနေ၍ ထိုဝတ်ပြုခန်းဟာ အေးချမ်းသာယာနေခဲ့၏။
ထိုထဲမှာ အက်ဆစ်ကို ကူညီရင်း ဝတ်ပြုခန်းရဲ့ နောက်ဆုံးခုံတန်းမှာ ရောက်နေသည့် ဟာလေလည်း လက်ဖဝါးနှစ်ဖက်ကို ဆုပ်ကိုင်ရင်း မျက်လုံးစုံမှိတ်ကာ ဝတ်ပြုနေခဲ့တော့ သူ့ဘေးမှာ ထိုင်နေသည့် အက်ဆစ်တစ်ယောက် ပျင်းရိလာတော့သည်။  

ဘာကြောင့်များ ဟာလေ ခေါ်တဲ့လမ်းကို သူ အလိုလိုလိုက်သွားမိလေသလဲဆိုတာ အခုထက်ထိ အဖြေရှာမရသေးပေ။

ဟင်း . . .

အရမ်းပျင်းရိလာတော့ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ သက်ပြင်းချပစ်လိုက်ရာ ဘေးမှာ ဟာလေတစ်ယောက် မျက်လုံးဖွင့်ကာ သူ့ကို လှည့်ကြည့်လာမိသည်။

" ဘာဖြစ်လို့လဲ? "

ဟာလေ မေးလာတဲ့အခါ အက်ဆစ်က လူမရှိတဲ့ အနောက်က ခုံတန်းတစ်ခုကို တံတောင်ဆစ်ဖြင့် ထောက်ရင်း သူ့ဘက်သို့ မခံ့လေးစားအကြည့်နှင့် ကြည့်လာခဲ့၏။

" ဒီလိုကျ ခင်ဗျားက ကြည့်ကောင်းသားပဲ။ အရင်က ဘာလို့ အဲ့ဒီလို မနေတာလဲ? ဝယ်စရာပိုက်ဆံ မရှိလို့လား? "

ရုတ်တရက်ကြီး အမူအရာပြောင်းကာ သူ့ကို ဖဲ့လာတော့ ဟာလေ မျက်မှောင်ကျုံ့မိပြီး သူပြောသောစကားများကို ထပ်ခါတလဲလဲ ပြန်စဉ်းစားလိုက်မိသည်။ သူ့အကြောင်းကို စေ့စေ့ပေါက်ပေါက်သိနေသော ထိုလူဟာ မည်သူလဲဆိုတာ သူ စဉ်းစားနေတဲ့အခါ . . .
အက်ဆစ်က သူ့ရဲ့မာဖလာကို လည်ပင်းပေါ်မှ ဆွဲဖယ်ချပြလာခဲ့၏။

" ဘယ်လိုလဲ ကျုပ်ကို မှတ်မိပြီလား။ ခစ်ခစ် "

မာဖလာမရှိတော့မှ ရှင်းလင်းစွာ ပေါ်လာတဲ့အက်ဆစ်ရဲ့လူယုတ်မာဆန်သောမျက်နှာကို ဟာလေ အနီးကပ်မြင်လိုက်ရလေသည်။ နဂိုကတည်းက ကောက်ကျစ်ယုတ်မာလွန်းတဲ့ထိုကောင်ကို သတ်ပစ်ချင်လောက်အောင် မုန်းတီးနေခဲ့ရာ အခုတော့ အတူတူထိုင်နေရသည့်အဖြစ်ကို ပြန်တွေးရင်း ဟာလေ အရမ်းဒေါသထွက်သွားခဲ့ရ၏။

Hard Murder 1(Complete)Место, где живут истории. Откройте их для себя