မုန်းသည်ထက်ပို / မုန္းသည္ထက္ပို

2.6K 401 30
                                    

(Unicode) ''' Twinkle Twinkle, little star
     How I wonder what you are
     Up above the world so high
    Like a diamond in the sky ´´´

နားထဲ၌ ချိုသာစွာ သီဆိုနေသော တစ်စုံတစ်ယောက်၏ အသံကြောင့် အက်ဆစ် မျက်လုံးအစုံကို ဆတ်ခနဲဖွင့်ဟလိုက်မိသည်။ ပတ်ဝန်းကျင်တစ်ခွင်ဟာ အရမ်းလင်းထိန်နေလွန်းတော့ မျက်ခုံးပေါ်သို့ လက်ကို ပင့်တင့်လိုက်မိပြီး ရောက်နေတဲ့နေရာကနေ သူမတ်တတ်ထရပ်လိုက်သည်။

** ငါ ဘယ်ရောက်နေတာလဲ? **

အရာအားလုံးဟာ ပီပီပြင်ပြင်မရှိတဲ့အပြင် လင်းထိန်နေလွန်းတော့ အက်ဆစ် သူ့ကိုယ်သူ ဘယ်ရောက်နေမှန်းမသိပဲ စမ်းတဝါးဝါးဖြင့် လျှောက်သွားနေစဉ် ခုံတန်းတစ်ခု၌ သီချင်းထိုင်ဆိုနေသော တစ်စုံတစ်ယောက်၏နောက်ကျောကို သူလှမ်းမြင်လိုက်ရသည်။

" ရှိန်းနက်?? "

သေးသွယ်တဲ့နောက်ကျောကို မြင်ရုံနှင့်တင် အက်ဆစ်မှာ ထိုလူဟာ ရှိန်းနက်မှန်း တန်းသိလိုက်ပြီး သူ့သူငယ်ချင်းဆီသို့ အပြေးသွားဖို့ ဆုံးဖြတ်လိုက်၏။ ထိုစဉ်  . . .

" တစ်ယောက်တည်း ပျင်းနေလား။ လာ ငါနဲ့လိုက်ခဲ့။ ဟိုဘက်မှာ ပျော်စရာတွေအများကြီးရှိတယ် "

ဂါဝန်အဖြူဝတ်ထားသည့် ချစ်စရာကောင်းသော မိန်းကလေးဂျူရီက ရှိန်းနက်အနားသို့ ရောက်လာကာ အဝေးတစ်နေရာသို့ ခေါ်သွားဖို့ လုပ်နေခဲ့သည်။ သူ့ကိုတစ်ယောက်တည်း ထားရစ်ခဲ့ပြီး ထွက်သွားဖို့လုပ်နေသော ရှိန်းနက်နဲ့ဂျူရီကို အက်ဆစ် လက်လွှတ်မခံနိုင်ပဲ အဝေးကနေ တားမြစ်ဖို့ အတင်းအော်ခေါ်လိုက်မိသည်။

" ဂျူရီ . . မင်းတို့ မင်းတို့ ဘယ်သွားမလို့လဲ? ငါ့ကို မင်းတို့ ကတိပေးထားခဲ့ကြတယ်လေ။ ငါနဲ့အတူနေမယ်ဆို . . ငါ့ကိုပစ်မသွားပါဘူးဆို . . "

မျက်စိရှေ့မှာရှိနေတဲ့သူငယ်ချင်းများကို မခွဲခွါနိုင်၍ သူ့ဆီပြန်လာဖို့ လက်လှမ်းရင်း မျက်ရည်ဝိုင်းလည်နှင့် ပြောလာခဲ့တော့ ရှိန်းနက်နဲ့ဂျူရီက သူ့ကို သူစိမ်းဆန်သောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လာခဲ့ကြ၏။

" နင်က ငါတို့နဲ့အတူနေဖို့ မထိုက်တန်ဘူး။ နင့်ကြောင့် ငါတို့နှစ်ယောက်စလုံး အသက်မဲ့ခဲ့ရတာ. . နင့်ကြောင့်ပဲ. . နင့်ကြောင့် "

Hard Murder 1(Complete)Onde histórias criam vida. Descubra agora