(Unicode) ညနက်လာသည်နှင့်အမျှ ဆင်ခြေဖုံးရပ်ကွက်က ပတ်ဝန်းကျင်တစ်ခွင်ဟာ အပ်ကျသံပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်မည်းမှောင်နေခဲ့၏။ အက်ဆစ်ရဲ့နှစ်ထပ်အိမ်လေးမှာလည်း ထိုနည်းတူ ဆိတ်ငြိမ်နေခဲ့ပြီး အိမ်ခန်းလေးရဲ့အောက်ထပ် အခန်းတစ်ခုမှာ ဟာလေတစ်ယောက် ဝှီးချဲပေါ် ထိုင်လျက်နှင့် စားပွဲပေါ် မျက်နှာအပ်ကာ အိပ်မောကျနေခဲ့လေသည်။
သို့သော် သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခြင်းမဟုတ်။ အပြင်းဖျားပြီး မထနိုင်ခြင်းဖြစ်သည်။
ဟုတ်သည်။ ထိုအချိန်ဟာ သူ ထွက်ပြေးဖို့ အချိန်ကောင်းဆိုပေမယ့် ခြေထောက်က ဒဏ်ရာကြောင့် မထနိုင်လောက်အောင် သူ အပြင်းဖျားနေခဲ့တာဖြစ်သည်။ တစ်ကိုယ်လုံးမှာ အဖျားဓါတ်ကြောင့် ချမ်းစိမ့်စိမ့်နှင့်တုန်ယင်နေခဲ့ပြီး ခြေထောက်တစ်ခုလုံးက ပြတ်ထွက်တော့မတတ် နာကြင်နေသည့်ဒဏ်ကို ခံစားရင်း မနည်းအောင့်အည်း အိပ်နေခဲ့ရလေသည်။ထိုအချိန်တွင် . . .
ဟာလေစံ . . . ဟာလေစံ . . .သူ့နားထဲသို့ လေတိုးသံဖြင့် တီးတိုးရေရွတ်လာသော တစ်စုံတစ်ယောက်၏ခေါ်သံကြောင့် ဟာလေရဲ့လေးလံနေသော မျက်ခွံတို့ မှေးစင်းစင်းနှင့် ဖွင့်ဟလာခဲ့၏။ အမှောင်ထုထဲ ပိတ်ဖုံးနေတဲ့အမြင်လွှာတို့ ပြန်ကြည်လာတော့ တစ်ဖက်မှာ သူ့နာမည်ကိုခေါ်ရင်း ပြုံးပြနေသောအက်ဆစ်ကို တွေ့ခဲ့ရလေသည်။
" အက်ဆစ်. . "
နှစ်လိုဖွယ်မရှိပေမယ့် အကြံတစ်ခုခုရှိနေသည့်ဟန်ဖြင့် ပြုံးပြနေသော သူ့အပြုံးကြောင့် စားပွဲပေါ်ကနေ ဟာလေ လေးလံနေသော ခေါင်းကိုပြန်မတ်ပြီး သူ့ကို ဖျော့တော့သောမျက်နှာနှင့် ပြန်ကြည့်လိုက်မိလေသည်။
" ခင်ဗျား နေမကောင်းဖြစ်နေတာလား "
သူ့အသံကို နားထောင်ပြီး နေမကောင်းမှန်းသိ၍ အက်ဆစ် သူ့နဖူးကို စမ်းကြည့်ပေးနေသေးသည်။ ပုံမှန်ဆို အက်ဆစ်က ကြင်နာတတ်သည့်အမျိုးမဟုတ်၍ ထိုကြင်နာမှုရဲ့နောက်မှာ ဟာလေ သံသယတော့ ဖြစ်မိပါသည်။ ထို့ကြောင့် ကိုယ်ကို အနည်းငယ်နောက်တွန့်လိုက်ပြီး အက်ဆစ်ရဲ့လက်ကို ဖယ်ထုတ်ပစ်လိုက်လေ၏။
BẠN ĐANG ĐỌC
Hard Murder 1(Complete)
Bí ẩn / Giật gân(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...