(Unicode) " အထဲ အကုန်နှံ့အောင် ရှာစမ်း။ ဒီထဲမှာ အဲ့ဒီကောင် ရှိတယ်လို့ အရာရှိက တပ်အပ်ပြောလိုက်တာ သေချာရှာကြ "
အက်ဆစ်ကို ဖမ်းဖို့အတွက် ဗင်ဇယ်က အမိန့်တင်းကြပ်ထားတာမို့ တစ်အိမ်လုံးကို ရဲတွေနှံ့နေအောင် ဝင်ရှာတော့သည်။ အခန်းဟူသမျှ တစ်ခုမှမကျန်အောင် သူတို့ရှာနေရင်းကနေ . . . ဗင်ဇယ်ဆီမှ သူတို့ဖုန်းလက်ခံရရှိခဲ့၏။
တီ တီ . .
"အရာရှိ ပြောပါ "
" အခြေအနေ ဘယ်လိုလဲ? "
" မတွေ့သေးဘူး အရာရှိ။ သူ ဘယ်ကိုမှမပြေးနိုင်အောင် ကျွန်တော်တို့ လေးဘက်လေးလံ ပိတ်ရှာနေပါတယ် "
" မြေအောက်ခန်းရော မင်းတို့စစ်ကြည့်ပြီးပြီလား? "
" ဘယ်လို ? မြေအောက်ခန်း?? "
" မီးဖိုခန်းက စားပွဲခုံအောက်မှာ မြေအောက်ခန်းရှိနေတယ်။ သူ အဲ့ဒီထဲမှာ သေချာပေါက်ရှိလိမ့်မယ်။ ဒီလိုနေပူခေါင်မှာ သူ အဲ့ဒီထဲမှာက လွဲလို့ ဘယ်မှာမှ ရှိမှာမဟုတ်ဘူး။ သေချာရှာကြ "
" ဟုတ်ကဲ့ အရာရှိ။ ဟေ့ကောင်တွေ မီးဖိုခန်းထဲဝင်ကြ "
ဆူဘတ်ဟာ အက်ဆစ်ကို ဖမ်းပေးဖို့သာ တိုက်တွန်းထားတာဖြစ်ပြီး အက်ဆစ် အိမ်မှာနေတဲ့အကြောင်းနှင့် မြေအောက်ခန်းအကြောင်းကို ပြောပြခဲ့ခြင်းမရှိ။ ယုတ်စွအဆုံး ဆူဘတ်ကိုယ်တိုင်ပင် အက်ဆစ်အိမ်၌ မြေအောက်ခန်းရှိမှန်းမသိပေ။ သို့သော် ဗင်ဇယ်ကတော့ အရင်တစ်ခေါက်လာဖူးခဲ့တုန်းက ရိပ်မိသွားသည်လားမသိ။ ရဲများကို မြေအောက်ခန်းထဲရှာဖွေဖို့ ချက်ချင်းအမိန့်ထုတ်လိုက်လေသည်။
ရဲများကလည်း စားပွဲခုံကို တွန်းလှန်ရင်း မြေအောက်ခန်းထဲသို့ ဝရုန်းသုန်းကား ဝင်လာကြတော့၏။
" မလှုပ်နဲ့ဟေ့။ တစ်ယောက်မှ မလှုပ်နဲ့ "
အလင်းရောင်မဲ့သောအောက်ထပ်သို့ ရောက်တဲ့အခါ ဗင်ဇယ်၏သေချာတဲ့သတင်းကြောင့် ရဲတွေလည်း ပါလာသောလက်နက်တွေထုတ်ပြီး ဘေးဘင်အနှံ့ သတိပေးလိုက်မိကြသည်။
" what the Fuck ? ဘာတွေလဲကွ "
ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်မိတဲ့အခါ နံရံများတွင် လူသတ်လက်နက်မျိုးစုံနှင့်နှိပ်စက်ပစ္စည်းမျိုးစုံချိတ်ဆွဲထားတာတွေ့ရပြီး သွေးစွန်းပြီးဟောင်းနွမ်းနေသောသံကုတင်ကြီးကို တွေ့လိုက်ကြရတော့ အားလုံးလန့်ဖြန့်ကုန်ကြရ၏။ အထဲတွင် လူရိပ်လူယောင်မတွေ့ရတဲ့အပြင် ပုန်းအောင်းနေချင်စရာတောင်မကောင်းသည့် အောက်သပ်သပ်အနံ့များကြောင့် ရဲများ နှာခေါင်းရှုံ့ကုန်ကြလေ၏။
ВЫ ЧИТАЕТЕ
Hard Murder 1(Complete)
Детектив / Триллер(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
