အချစ်နေ့စွဲများ/အခ်စ္ေန႔စြဲမ်ား

2.5K 293 56
                                        

(Unicode) ရုပ်ရှင်တစ်ကားလုံးတွင် ပြသထားသောလူသတ်ပုံများက ကြည့်ရှုသူကိုပင် သွေးရူးသွေးတန်းဖြစ်စေလောက်သည်အထိ ခြောက်ခြားဖို့ကောင်းလွန်းလှသည်။
ကြိုးတုပ်ခံထားရသည့်လူနှစ်ယောက်ကို အတင်းဒရွတ်ဆွဲခေါ်ရင်း ရထားသံလမ်းပေါ် ကြိတ်ခြေပစ်ခြင်း၊ အရှင်လတ်လတ် မီးရှို့ဖျက်ဆီးခြင်း၊ အော်တိုချွန်စက်များဖြင့် လူကိုထိုးနှက်သတ်ဖြတ်ခြင်း စသဖြင့် တစ်ကားလုံးမှာ သွေးစွန်းနေတာတွေချည်းမို့ ကြည့်ရှုသောသူများမှာ အော်သံများဖြင့် ထိတ်ထိတ်သည်းသည်းဖြစ်နေခဲ့ကြသည်။

" ဟဟ ဟား ဟား "

ထိုကြားထဲမှာ မကြောက်မရွံ့ရယ်မောနေသူက အက်ဆစ်ပင် ဖြစ်နေသည်။ ဒါ့ကြောင့် ဘေးလူတွေက သူ့ကို ထူးဆန်းသောမျက်လုံးများဖြင့် ဝိုင်းကြည့်ကြတော့ . .

" ဟားဟား. . ကောင်းလိုက်တာ။ သေစမ်း ဟားဟား "

သူ့ဘေးက ဟာလေက အဖော်ရအောင် ထရယ်မောပြလိုက်လေသည်။ အဲ့ဒီလို အသည်းယားဖို့ကောင်းတဲ့လုပ်ရက်လေးတွေက အက်ဆစ်ရဲ့ရင်ကို ကျီစယ်ပြနေတော့ . . .

" ကျုပ်တို့ သန့်စင်ခန်းထဲ သွားရအောင် "

" ဟင် ? "

" လာ "

အက်ဆစ်တစ်ယောက် ဟာလေလက်ကို ကိုင်ဆွဲကာ သန့်စင်ခန်းသို့ အတင်းဆွဲခေါ်သွားလေတော့သည်။ ထို့နောက် တံခါးကို လော့ချပစ်လိုက်ပြီး ဟာလေ့ရဲ့ခါးကို အတင်းဖက်ကာ သူ့ရဲ့လည်တိုင်ကို အငမ်းမရ စုပ်ယူစားသုံးပစ်တော့၏။

" အ အက်ဆစ်. . မင်း ဘယ်လိုဖြစ်နေတာလဲ? ဟင်း "

အရိုင်းဆန်တဲ့အနမ်းတွေနဲ့နှစ်လိုဖွယ်ကောင်းတဲ့အပြုအမူတွေကြား ဟာလေခြေထောက်တွေ ညွှတ်ကျလာကာ နံရံကို ကျောထောက်မိပြီး မြွေတစ်ကောင်လို လူးလွန့်နေခဲ့ရ၏. . ။

" အာ~ ချစ်တယ် အက်ဆစ်။ "
ပြွတ် ° ရွှတ် °°

သူ့ဆီက ချစ်တယ်စကားသံလေးကိုကြားတော့ ရင်ဘတ်ပေါ်ကနေ သူ့နှုတ်ခမ်းလေးထက်သို့ အနမ်းတွေ ပြောင်းရွှေ့နေရာယူလာခဲ့၏။ သူ့ပါးပြင်မှာ အက်ဆစ်ရဲ့လက်နှစ်ဖက်နှင့် ဖျစ်ညှစ်ခြင်းကို ခံထားရပြီး စူထွက်လာတဲ့သူ့နှုတ်ခမ်းလေးဟာ အက်ဆစ်၏ဝါးမြိုခြင်းကို ခံနေခဲ့ရသည်။
မွန်းကြပ်ပြီး ရင်ထဲစို့နင့်လောက်တဲ့အထိ ဖြစ်လာတဲ့ထိုအနမ်းတွေကြောင့် ဟာလေမျက်ဝန်းမှာ သူ့အလိုလို မျက်ရည်များပင် စိုရွှဲလာခဲ့ရ၏။

Hard Murder 1(Complete)Where stories live. Discover now