အမုန်းတိုက်ပွဲ/အမုန္းတိုက္ပြဲ

1.8K 285 29
                                    

(Unicode) " မလုပ်ပါနဲ့. . မှားပါတယ်။ တောင်းပန်ပါတယ် အားး "

ထိတ်လန့်စရာအိပ်မက်များကြား ဖုံးလွှမ်းခံလိုက်ရတဲ့ မာ့ခ်တစ်ယောက် ချွေးတလုံးလုံးဖြင့် နိုးထလာခဲ့ရလေသည်။ မက်နေကျအိပ်မက်ဆိုးတွေမှန်းသိသိနဲ့လည်း သူ ကြောက်ရွံ့နေမိဆဲ။ ရောက်ရှိနေတဲ့ အလုံပိတ်အမှောင်ခန်းကြီးထဲ၌ သူ၏ပြင်းထန်သောရှူရှိုက်သံများကာ တညံညံဖြစ်နေခဲ့၏။

ဂျောင်း~ ~
ထိုစဉ် အခန်းအပြင်၌ အစောင့်ကျသော ထောင်စောင့်နှစ်ဦးက တံခါးကိုဖွင့်ပြီး အထဲသို့ ဝင်လာကြရာ . . မာ့ခ်တစ်ယောက် သူ ထပ်၍ ရိုက်နှက်အပြစ်ပေးခံရဦးမည်ထင်ကာ ကြောက်လန့်စွာ အနောက်သို့တွန်းဆုတ်မိတော့သည်။

" ကျွန်တော့်ကို ဘယ်ခေါ်သွားကြမလို့လဲ? ကျွန်တော့်ကို ဘယ်ခေါ်သွားကြဦးမှာလဲ? "

" ဘာတွေဖြစ်နေတာလဲ ဒိမ်မီယယ်သွန်။ ဒီနေ့ မင်း အပြစ်ပေးကာလက လွတ်မြောက်တဲ့နေ့ပါ။ ဒီအခန်းထဲက ထွက်ပြီး ခါတိုင်းလို မစ္စတာ ခရစ်တန်နဲ့အတူတူ နေလို့ရပါပြီ။ ကဲ လိုက်မှာလား မလိုက်ဘူးလား "

ကြားလိုက်ရတဲ့စကားကတော့ သူတွေးထားတာနဲ့ တစ်ခြားစီမို့ မာ့ခ် မျက်နှာ၌ အပြုံးပန်းတို့ ချက်ချင်းပွင့်ဖြိုးလာခဲ့လေသည်။

" တကယ်? တကယ်ပြောတာလားဟင်။ ကျွန်တော် ကျွန်တော်လွတ်သွားပြီလား? "

" မင်း ဒီမှာဆက်မနေချင်ဘူးဆိုရင် ထပ်ပြီးအပြစ်ကျူးလွန်လို့ မဖြစ်ဘူးပေါ့ကွာ။ နောက်တစ်ခါဆို ဒီ့ထက်ဆိုးတဲ့ သေလမ်းကို သွားရလိမ့်မယ်။ "

ဒါနဲ့ ထောင်စောင့်တွေလည်း သူ့ကို သတိထပ်ပေးရင်း ယခင်က နေရာသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြသည်။ ထောင်ငရဲခန်းမှ လွတ်လာပြီဖြစ်တဲ့ မာ့ခ်မှာတော့ တက်ကြွသောခြေလှမ်းများဖြင့် ခရစ်တန်ဆီသို့ ပြန်လည်ရောက်ရှိလာခဲ့၏။
ခရစ်တန်မှာ သူလွတ်လာပြီမှန်းမသိ၍ အကျဉ်းခန်း၌ တစ်ယောက်တည်းထိုင်ကာ အေးအေးဆေးဆေး စာဖတ်နေလေသည်။

" ခရစ်တန် "

ထိုစဉ် ပျော်ရွှင်နေသောခေါ်သံတစ်ခုကြောင့် စာအုပ်ကနေ သူတစ်ဖက်သို့ မျက်စိရောက်သွားခဲ့၏။ အပြင်ဘက်၌ သူ့ကိုခေါ်နေသည့်လူက မာ့ခ်ဖြစ်နေခဲ့တော့ . . ခရစ်တန်လည်း အံ့သြပျော်ရွှင်သွားပြီး ထိုင်နေရာက ထရပ်လိုက်မိလေသည်။

Hard Murder 1(Complete)Dove le storie prendono vita. Scoprilo ora