နှောင့်ယှက်သူ/ေႏွာင့္ယွက္သူ

2.5K 368 98
                                        

(Unicode) ရက်စက်တတ်တဲ့လောကကြီးထဲမှာ ရက်စက်စွာ နေနိုင်တဲ့သူက အနိုင်ရတဲ့သူဖြစ်တာမို့ . . . အက်ဆစ်၏ခေါင်းထဲတွင် ရက်စက်မှုတွေပဲ ပြည့်နှက်နေခဲ့သည်။ ဒါ့အပြင် သူ့အသက်ကို နှုတ်ယူဖို့ ကြိုးစားခဲ့ကြသည့်ရိမ်းနှင့်ဆူဘတ်၏တည်နေရာကို ရှာတွေ့သွားခိုက်၌ . . ဘယ်လိုမျိုး ပြန်အနိုင်ယူရမလဲဆိုတဲ့မေးခွန်းက သူ့အသိစိတ်ထဲကို အုပ်စိုးနေခဲ့၏။

ဒုန်း !
" ဘာတဲ့ ဟန်နီတဲ့လား? "

ကြားလိုက်ရတဲ့အသံတွေကလည်း မုန်းစရာကောင်းလွန်း၍ နံရံထောင့်တစ်ခုကို လက်သီးဖြင့် ပစ်ထုရင်း . . သူ၏သနားစရာသူငယ်ချင်လေး ရှိန်းနက်အတွက် မျက်ရည်တွေဝဲလာခဲ့ရသည်။ ဘာမှမဟုတ်ပါပဲ အပြစ်ကင်းပြီး ဖြူစင်လွန်းတဲ့သူ့သူငယ်ချင်းလေးက ရိမ်းနဲ့ဆူဘတ်၏အချစ်အားပြိုင်မှုတွေကြား မြေစာပင် ဖြစ်ခဲ့ရမှန်း သိရတော့ ခံပြင်းစိတ်များဖြင့် ဒေါသငွေ့တို့ လိပ်တက်နေခဲ့ရ၏။

** ချစ်နေရင်လည်း တိုက်ပိတ်ပြီး သူ့ကို မုဒိမ်းကျင့်ပစ်လိုက်ပါလား ခွေးသားလေးရဲ့ . . ဘာလို့ . . ဘာလို့ မဆိုင်တဲ့လူတွေကို ဒုက္ခပေးရတာလဲ . . ဘာလို့လဲ ဘာလို့ ငါ့သူငယ်ချင်းတွေမှ ဖြစ်ရတာလဲ?? ဘာလို့လဲ **

" ဟဟ . . ဟဟဟား . . ဟားဟားဟား . . "

သူ့ဘေးမှာ နေပြီး သူ့ကိုအမြဲတစေ ဂရုစိုက်ကြင်နာပေးတတ်တဲ့ သူငယ်ချင်းလေးနှစ်ယောက်ရဲ့ မသေသင့်ပဲ သေရတဲ့အဖြစ်တွေကို ပြန်တွေးမိတိုင်း အက်ဆစ် ရင်ထဲ ပြောမပြနိုင်အောင် နာကြင်မိလေတော့ . . တစ်ယောက်တည်း လူမသိတဲ့ပတ်ဝန်းကျင်တစ်ခုမှာ အရူးလို ဟားတိုက်ရယ်နေမိခဲ့သည်။
ထိုရယ်သံဟာ ပျော်ရွှင်ဝမ်းသာလွန်း၍ ရယ်သည့်အသံမဟုတ်ပဲ . . ဒေါသနဲ့ ဝမ်းနည်းခြင်းတို့ ဒွန်တွဲနေသည့် စို့နစ်နစ် ရယ်သံတစ်ခုပင် ဖြစ်ခဲ့၏။

ပြီးတော့ ကြုံခဲ့ရတဲ့ဆိုးရွားမှုတွေကနေ သူနားလည်လိုက်တဲ့တစ်ခုက . . ဘယ်အရာမှ ထာဝရမတည်မြဲဘူးဆိုတဲ့တစ်ချက်ပါပဲ။

ထိုတစ်ညလုံးမှာတော့ သိလိုက်ရတဲ့အမှန်တရားကြောင့် အက်ဆစ်တစ်ယောက် စိတ်ညစ်ပြီး ခြေဦးတည့်ရာ လျှောက်သွားနေမိခဲ့သည်။ ဒီနေ့ သူ့ဘေးမှာ ရှိနေလည်း နောက်တစ်နေ့ သူ့အနားကနေ ထွက်ခွါသွားမယ့်အကြောင်းကို တွေးလိုက်တိုင်း အဲ့ဒီခံစားချက်ကို တောင့်မခံနိုင်တဲ့သူ့ရဲ့နှလုံးသားတစ်စုံက လူတစ်ယောက်လုံးကို ပြိုလဲယိုင်နဲ့လုမတတ် ဖြစ်စေခဲ့သည်။
အချိန်အတော်ကြာ သူစဉ်းစားခဲ့သည်။ အဲ့ဒီခံစားချက်ကို သူဘယ်လိုအနိူင်ယူရမလဲ?? ထိုသို့တွေးလိုက်လျှင် သူ့မှာ တွယ်တာစရာ ဆုံးရှုံးစရာ ဘယ်သူများရှိနေလို့လဲဆိုတဲ့မေးခွန်းက ထပ်ရှိလာပြန်သည်။
အဲ့ဒီအတွက် အဖြေက . . .
အင်း . . ဟာလေစံ . . ခင်ဗျားပဲ ဖြစ်မှာပါ ။

Hard Murder 1(Complete)Donde viven las historias. Descúbrelo ahora