(Unicode) ညသည် မိုးဓါတ်ဖြင့် အေးစိမ့်စိမ့်ဖြစ်နေသည်မို့ အချုပ်ထဲတွင် တရားခံဖြစ်သည့်အက်ဆစ်တစ်ယောက် ကိုယ်ကိုအတတ်နိုင်ဆုံး ကွေးကျုံ့ကာ အိပ်ပျော်နေလျှက်ရှိသည်။
အနွေးထည်မပါသည်မို့ သူ့ကိုယ်မှာ ချမ်းအေးလွန်း၍ တဆတ်ဆတ်တုန်ရီနေသည်။ ဒါတောင် အတတ်နိုင်ဆုံး ပေတေအိပ်နေရတဲ့အခါ သူ့ကိုသတိပြုမိနေသော စုံထောက်ကြီး ဟာလေမှာ စိတ်မသက်သာပဲ အချုပ်ထဲသို့ ဝင်ခွင့်တောင်းလာခဲ့သည်။ရဲတချို့က ဂျူတီချိန်ဆင်းသွားပြီမို့ အချုပ်စောင့်ရဲများနှင့် သူသာကျန်တော့သည်။ ဒါ့ကြောင့် အချုပ်ထဲသို့ သူအလွယ်တကူဝင်ခွင့်ရခဲ့၏။
ဟင်း . .
အရွယ်နှင့်မလိုက်အောင် ကြီးမားသောပြစ်မှုကို ကျူးလွန်ခဲ့ပြီး ခက်ခဲကြမ်းတမ်းသောဘဝကို ကျော်ဖြတ်ရတော့မည်မို့ ဟာလေတစ်ယောက် တွေးရင်း စိတ်မချမ်းသာလှ၍ အိပ်စက်နေသောအက်ဆစ်၏ကိုယ်ပေါ်သို့ သူ့ရဲ့ကုတ်အင်္ကိျီကို လွှားခြုံပေးလိုက်မိသည်။
သူဝတ်ထားတဲ့အနွေးထည်ဖြစ်၍ ခပ်နွေးနွေးကိုယ်ငွေ့တို့က အင်္ကိျီမှာ ကပ်ပါသွားရာ အက်ဆစ်မှာ ထိုအနွေးထည်ကြောင့် သက်သောင့်သက်သာရှိသွားသလို ခံစားလာခဲ့ရသည်။" စစ်. . အား "
ဒါတင်မကသေးပဲ ဟာလေက သူ့ဒူးခေါင်းမှ ဒဏ်ရာများကို ပလာစတာကပ်ပေးလာတော့ စပ်ဖျင်းဖျင်းခံစားချက်နှင့်အတူ သူ နိုးလာလေတော့သည်။" ဟင် "
နိုးနိုးချင်း သူ့အနားမှာ လူတစ်ယောက်ရှိနေတာမြင်ရတော့ ထိုကောင်လေးလန့်ပြီး အတင်းကုန်းကြုံးထကာ နံရံထောင့်သို့ ဖင်တရွတ်တွန်းကာ ပြေးကပ်တော့၏။" မကြောက်ပါနဲ့။ ငါမင်းကို ဘာမှမလုပ်ပါဘူး။ မင်းဒဏ်ရာတွေကို ဆေးထည့်ပေးရုံသပ်သပ်ပါ။ အေးတဲ့ရာသီမှာဆို ဒဏ်ရာတွေက သိပ်မကျက်နိုင်ဘူးလေ "
ဟာလေရဲ့ဖြူစင်တဲ့မေတ္တာနှင့် ကိုယ်ချင်းစာတတ်သည့်မျက်နှာထားကြောင့် အက်ဆစ် သိပ်မကြောက်တော့ပဲ စကားပြန်ပြောလာခဲ့သည်။
" ကျေးဇူးတင်ပါတယ် အရာရှိကြီး "
" ငါက အရာရှိရဲတစ်ယောက်မဟုတ်ပါဘူး။ ရဲတွေကို ကူညီပေးရတဲ့စုံထောက်တစ်ဦးပါ။ ငါ့နာမည်က ဟာလေစံ။ ဟာလေလို့ပဲ ခေါ်လို့ရတယ် "
YOU ARE READING
Hard Murder 1(Complete)
Mystery / Thriller(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...