(Unicode) ကြက်သွေးရောင် တိမ်တိုက်လိပ်များနှင့် တောက်ပသောကောင်းကင်ပြာကြားမှ ထွက်ပေါ်လာသည့်အာရုဏ်ဦးနေရောင်ခြည်ဟာ တစ်လောကလုံးကို သြဇာအာဏာလွှမ်းမိုးစပြုလာခဲ့သည်။
လတ်ဆတ်သော လေပြည်များဖြင့် သာယာတဲ့နွေဦးနံနက်ခင်းက . . တစ်စုံတစ်ယောက်အတွက် မင်္ဂလာရှိသော နေ့သစ်လေးတစ်ခုဖြစ်နေခဲ့၏။
ဒါ~ ဒါ~ ဒါ~ ဒါ . . .
တိတ်ဆိတ်နေသောအခန်းလေးထဲတွင် ကိုယ်လုံးပေါ်မှန်ကိုကြည့်ပြီး လည်တိုင်ပေါ်၌ ဖဲနက်ချည်နေသော ဗင်ဇယ်နှုတ်ဖျားထက်မှ တေးသံညည်းဆိုနေသောအသံက ပတ်ဝန်းကျင်အနှံ့ကို အပျော်တွေကူးစက်နေစေလျှက် . . . ။
ဒေါက် . . ဒေါက် . . ဒေါက်
" ဝင်ခဲ့လေ "
" အကို စေ့စပ်ပွဲကို ကျွန်တော်လည်းလိုက်ချင် . . "
ဟုတ်သည်။ ဒီနေ့ဟာ ဗင်ဇယ်နှင့်အယ်မလီ၏စေ့စပ်ကြောင်းလမ်းမင်္ဂလာပွဲပင် ဖြစ်သည်။ ဒါ့ကြောင့် ဗင်ဇယ်တစ်ယောက် ခါတိုင်းထက်ပိုပြီး တောက်ပြောင်တဲ့အနောက်တိုင်းဝတ်စုံကို ဝတ်ထားကာ ဆံပင်ကို ဂျယ်များဖြင့် ဖိကပ်ဖြီးလိမ်းထားပုံက ခံ့ချောကြီးအသွင်းကို ဆောင်နေလေတော့ . . အခန်းထဲ ဝင်လာသည့်ဆူဘတ်ပင် အံ့သြမှင်သက်ဖြစ်မိခဲ့ရသည်။
" ဝိုး . . ဒီလိုကျတော့လည်း အကိုက ခန့်သားပဲ။ မှတ်တောင် မမှတ်မိတော့ဘူး "
" ဟဟ ငါ ဘယ်တုန်းက မခန့်လို့လဲ? "
" ဟုတ်ပါပြီ။ အမြဲတမ်း ခန့်ချောကြီးပါ။ အဲ့ဒါဆို ကျွန်တော့်ကို စေ့စပ်ပွဲ လိုက်ခွင့်ပေး . . "
" ဟိုးထား. . မရပါဘူး။ မနက်ဖြန် မင်း စာမေးပွဲဖြေရတော့မယ်။ ဒီနေ့ အပျော်အလုပ်တွေ လုပ်လို့မရဘူး။ အေးအေးဆေးဆေး စာလေ့လာ။ ပြီးရင် အနားယူ။ အကို့လို အရာရှိကြီး ဖြစ်အောင်လုပ် "
ဆူဘတ်မှာ စေ့စပ်ပွဲလိုက်ပြီး သောက်စားချင်ပေမယ့် မနက်ဖြန်ဆို စာမေးပွဲရောက်ပြီမို့ ဗင်ဇယ်က တင်းကြပ်ထားတော့သည်။ တစ်မိသားစုလုံး စေ့စပ်ပွဲကို သွားကြမည်ဖြစ်ပေမယ့် သူ မလိုက်ရ၍ ဆူဘတ်မျက်နှာမှာ ရှုံ့တွနေခဲ့၏။
ВЫ ЧИТАЕТЕ
Hard Murder 1(Complete)
Детектив / Триллер(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
